ဆောင်းဦးရာသီ အရောင်အသွေးစုံလင်လှသည့် ရှုခင်းများကြားတွင် ပြေးဆွဲနေသည့် ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားကို တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရီးချွမ်းမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီးချွမ်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

သစ်တောများအကြား အရှိန်မြင့်ဖြတ်သန်းသွားသည့် ရထားကြီးက ပန်းချီကားထဲတွင် ဆောင်းဦးရောင်ခြည်ဆီသို့ ပြေးလွှားနေသည့် ငွေရောင်နဂါးကြီးပမာ ဖြစ်ပေါ်နေသည်။ တရုတ်နိုင်ငံ၏ လတ္တီတွဒ်အမြင့်ဆုံး အမြန်ရထားလမ်းဖြစ်သည့် ဟားအယ်ပင်း-ရီးချွမ်း အမြန်ရထားလမ်းသည် ဟေးလုံကျန်းပြည်နယ် ရှောင်ရှင်းအန်းတောင်တန်းများရှိ ဧကသောင်းချီကျယ်ပြောသည့် သစ်တောပင်လယ်အတွင်း ဖြတ်သန်းလျက်ရှိသည်။ ယင်းမှာ တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းမြေပုံကို မြောက်ဘက်သို့ တစ်ဆင့်ထပ်မံတိုးချဲ့ပေးခြင်းဖြစ်သလို ရထားလမ်းတစ်လျှောက်ရှိ ဒေသများ၏ ခရီးသွားလုပ်ငန်းနှင့် ဂေဟစနစ် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိသည်။ (Xinhua)

-----------------------------

(Chinese Version)

美丽中国丨最北高铁,穿行秋光

新华社照片,伊春(黑龙江),2026年10月8日

列车飞驰,穿越层林;银龙入画,奔赴秋光。我国纬度最高的高速铁路——哈伊高铁(哈尔滨至伊春)穿行于黑龙江小兴安岭万顷林海,将我国高铁版图进一步向北延伸,也为沿线地区的旅游与生态资源开发创造了新机遇。

图说:10月4日在伊春市拍摄的行驶在斑斓秋色中的哈伊高铁动车组列车(无人机照片)。新华社发(李佳星摄)