
နယူးယောက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
တင်သွင်းမှု သိသိသာသာ တိုးမြှင့်လာမှုကြောင့် အမေရိကန်၏ ဩဂုတ်လ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေး လိုငွေပြမှုသည် ယခင်ကာလပတ်နှင့်နှိုင်းယှဉ်ပါက ၁၃.၇ ရာခိုင်နှုန်း တိုးမြှင့်ကာ ကန်ဒေါ်လာ ၁၀၅.၆ ဘီလီယံအထိ မြင့်တက်လာကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက်က ထုတ်ပြန်သော စာရင်းအချက်အလက်အရ သိရသည်။
အမေရိကန်၏ ဩဂုတ်လ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တင်ပို့မှုပမာဏသည် ကန်ဒေါ်လာ ၃၁၅.၂ ဘီလီယံဖြစ်ပြီး ယခင်ကာလပတ်နှင့်နှိုင်းယှဉ်ပါက ၁.၄ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း၊ တင်သွင်းမှုပမာဏမှာ ယခင်ကာလပတ်နှင့်နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်း တိုးမြှင့်ကာ ကန်ဒေါ်လာ ၄၂၀.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း စာရင်းအချက်အလက်တွင် ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်၏ ဩဂုတ်လ ကုန်ပစ္စည်း တင်ပို့မှုနှင့် တင်သွင်းမှုမှာ ကန်ဒေါ်လာ ၄.၄ ဘီလီယံနှင့် ၁၇.၂ ဘီလီယံ အသီးသီး တိုးမြှင့်ခဲ့ကြောင်း၊ ၎င်းတို့အနက် စက်မှုလုပ်ငန်း ကုန်ကြမ်းပစ္စည်းနှင့် အရင်းအနှီးဆိုင်ရာ ကုန်ပစ္စည်း တင်ပို့မှုများမှာ ကန်ဒေါ်လာ ၆.၃ ဘီလီယံနှင့် ၁.၃ ဘီလီယံ အသီးသီး တိုးမြှင့်ခဲ့ပြီး စားသုံးကုန်ပစ္စည်း တင်ပို့မှုမှာမူ ဒေါ်လာ ၂.၂ ဘီလီယံ ကျဆင်းခဲ့ကြောင်း၊ စက်မှုလုပ်ငန်း ကုန်ကြမ်းပစ္စည်းနှင့် အရင်းအနှီးဆိုင်ရာ ကုန်ပစ္စည်း တင်သွင်းမှုများမှာ ကန်ဒေါ်လာ ၉.၁ ဘီလီယံနှင့် ၆.၂ ဘီလီယံ အသီးသီး တိုးမြှင့်ခဲ့ပြီး အရင်းအနှီးဆိုင်ရာ ကုန်ပစ္စည်း တင်သွင်းမှုသည် စုစုပေါင်း ကန်ဒေါ်လာ ၁၄၆.၄ ဘီလီယံရှိပြီး စံချိန်တင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း အချက်အလက်တွင် ဖော်ပြထားသည်။
ရာသီအလိုက် ပြင်ဆင်ချိန်ညှိမှု မပြုထားသော စာရင်းအချက်အလက်အရ အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအနက် ဩဂုတ်လတွင် အမေရိကန်နှင့် မက္ကဆီကို၊ ဗီယက်နမ်၊ မလေးရှားတို့၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးလိုငွေမှာမူ ကန်ဒေါ်လာ ၂၇ ဘီလီယံ၊ ၂၅ ဘီလီယံနှင့် ၅.၅ ဘီလီယံ အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)
………………………………..
(Chinese Version)
美国8月贸易逆差继续升高
新华社纽约10月6日电(记者刘亚南)美国商务部6日发布的数据显示,受进口显著增加影响,美国8月商品和服务贸易逆差环比增加13.7%,升至1056亿美元。
数据显示,美国8月商品与服务出口额为3152亿美元,环比增加1.4%;进口额环比增加4.3%至4208亿美元。
数据还显示,美国8月商品出口和进口分别增加44亿美元和172亿美元。其中,工业原材料和资本货物出口分别增加63亿美元和13亿美元,消费品出口则下降22亿美元。工业原材料和资本货物进口分别增加91亿美元和62亿美元,资本货物1464亿美元的进口额为有记录以来最高水平。
未经季节性调整的数据显示,主要贸易伙伴中,8月美国对墨西哥、越南和马来西亚商品和服务贸易逆差分别为270亿美元、250亿美元和55亿美元。(完)
图说:这是4月29日在美国纽约拍摄的纽约和新泽西港的货物码头。新华社记者 张凤国 摄








