တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဒေသသို့ အမေရိကန်နိုင်ငံက လက်နက်ရောင်းချခြင်းကို တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ဆက်လက်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၆ ရက်၌ ပြောကြားခဲ့‌ပြီး ယင်းကိစ္စရပ်အပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားကြောင်း အလေးထားပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်ထံမှ ဝယ်ယူထားသော F-16V တိုက်လေယာဉ် နှစ်စင်းကို ထိုင်ဝမ်ဘက်က မကြာသေးမီက လက်ခံရရှိခဲ့ပြီး ယခုနှစ်အတွင်း နောက်ထပ် လေယာဉ် ၆၄ စင်းကို ထပ်မံလက်ခံရရှိရန် စီစဉ်ထားသည်ဟူသော မီဒီယာများ၏ သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကောက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဘက်အနေဖြင့် နိုင်ငံနှစ်နိုင်ငံ သမ္မတများအကြား တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ရရှိခဲ့သော အရေးပါသည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ "တရုတ်တစ်နိုင်ငံတည်း" မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်တို့ကို လိုက်နာရန်နှင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အထူးသတိထားစွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကောက ပြောကြားခဲ့သည်။

"ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်သလို အဲဒါကို ဖြေရှင်းဖို့က ပြင်ပကနေ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ တရုတ်နိုင်ငံသားတွေကိုယ်တိုင် ဆောင်ရွက်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

............................................

(English Version)

China firmly opposes U.S. arms sales to China's Taiwan region: spokesperson

BEIJING, Oct. 6 (Xinhua) -- China remains firmly opposed to U.S. arms sales to China's Taiwan region, Foreign Ministry Spokesperson Guo Jiakun said on Tuesday, stressing that the country's position is clear.

Guo made the remarks in response to media reports that Taiwan recently received two F-16V fighter jets purchased from the United States and plans to receive another 64 within the year.

Guo said the U.S. side needs to implement the important common understandings reached at the meeting between the two countries' presidents, abide by the one-China principle and the three China-U.S. joint communiques, and act prudently on the Taiwan question.

"The Taiwan question is China's internal affair, and resolving it is a matter for the Chinese ourselves that brooks no external interference," he said. ■