
အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမည်ဟု အခိုင်အမာကတိပြု
အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆေယတ် အာဘတ်စ် အာရက်ဂ်ချီ တို့သည် အောက်တိုဘာ ၅ ရက်တွင် တီဟီရန်မြို့၌ အီရန်နိုင်ငံသို့ လာရောက်လည်ပတ်နေသော အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး Ararat Mirzoyan နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြစဉ် အီရန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို ကာကွယ်ရန် ခိုင်မာသောဆုံးဖြတ်ချက်အား အလေးပေးပြောကြားခဲ့ကြသည်။
ပါဇက်ရှ်ကီရမ်က Mirzoyan နှင့် တွေ့ဆုံစဉ် “နေ့စဉ်နဲ့အမျှ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေ၊ ဖိအားပေးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေ အသုံးပြုပြီး ကတိကဝတ်တွေကိုလည်း ဖောက်ဖျက်နေတဲ့ ရန်သူနဲ့ဆွေးနွေးညှိနှိုင်းခြင်းတာဟာ အဓိပ္ပာယ်မရှိပါဘူး” ဟု ပြောကြားခဲ့ကြောင်း ၎င်း၏ရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
“ဒီအချိန်အထိ ကျွန်တော်တို့ ဆွေးနွေးမှုတွေလုပ်ပြီးတိုင်း သူတို့ (အမေရိကန်နိုင်ငံ) က ကျွန်တော်တို့ကို သုံးကြိမ်လောက် တိုက်ခိုက်ခဲ့တယ်။ ဒါဟာ သူတို့က ဆွေးနွေးညှိနှိုင်းမှုကို ရှာဖွေနေတာမဟုတ်ဘဲ အီရန်နိုင်ငံရဲ့ တည်ထောင်ထားမှုကို ဖြုတ်ချဖို့ ရည်ရွယ်နေတယ်ဆိုတာကို ပြသနေတာပါပဲ” ဟု ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
ယီမင် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျရှိ ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့ကြောင်း ပြော၊ ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ပင်လယ်နီအတွင်း တိုက်ခိုက်ရန်ကြံစည်မှုကို တားဆီးခဲ့ဟု ဆို
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းရှိ လေဆိပ်များ၊ ရေနံအဆောက်အဦတစ်ခုနှင့် စစ်ဘက်ဆိုင်ရာနေရာများကို ဒုံးကျည်များနှင့် ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ကလည်း ပင်လယ်နီတောင်ပိုင်း ရေလမ်းကြောင်းများကို ပစ်မှတ်ထားသည့် ဟူသီအဖွဲ့၏ အစီအစဉ်ကို တားဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၅ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဆော်ဒီနိုင်ငံအတွင်း စစ်ဆင်ရေးသုံးရပ် ပြုလုပ်ခဲ့ကြောင်း၊ ပထမစစ်ဆင်ရေးမှာ မြို့တော် ရီယာ့ဒ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထားခဲ့ကြောင်း ဟူသီအဖွဲ့က ထိန်းချုပ်ထားသော Al-Masirah TV တွင် ထုတ်လွှင့်ခဲ့သည့် ကြေညာချက်၌ ဟူသီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောခဲ့သည်။
ဒုတိယစစ်ဆင်ရေးမှာ ဆော်ဒီအာရေဗျအနောက်ပိုင်း ပင်လယ်နီကမ်းခြေရှိ Rabigh မြို့မှ Aramco ရေနံချက်စက်ရုံကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ယီမင်နိုင်ငံတွင် တင်းမာမှုများ မြင့်တက်လာခြင်းအပေါ် ကုလသမဂ္ဂအကြီးအကဲက အလွန်စိုးရိမ်ကြောင်း ပြော
ယီမင်နိုင်ငံတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် လွန်စွာစိုးရိမ်လျက်ရှိပြီး ဟူသီအဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
“အတွင်းရေးမှူးချုပ်အနေနဲ့ နှစ်ဖက်စလုံး တင်းမာမှုတွေကို လျှော့ချဖို့ လိုလားနေတာပါ။ အခုလည်း အဲဒီလိုပဲ ဆက်လက်လိုလားနေပါတယ်” ဟု ဂူတာရက်စ်၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။
ထို့အပြင် ပြည်ပနိုင်ငံများ ပါဝင်ပတ်သက်လာခြင်း အပါအဝင် ပဋိပက္ခကို ပိုမို၍ စစ်ရေးအသွင်ပြောင်းခြင်းသည် အကျိုးရှိမည်ဟု ဂူတာရက်စ်အနေဖြင့် မယုံကြည်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၁ ဦး သေဆုံး၊ ဘန်ကောက်တွင် ရေများ ပြန်လည်ကျဆင်းလာ
ထိုင်းနိုင်ငံတစ်ဝန်း စက်တင်ဘာ ၁၆ ရက်မှစ၍ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် လူ ၃၁ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄.၁၄ သန်းခန့် ထိခိုက်ခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန၏ အဆိုအရ ပြည်နယ် ၂၆ ခုနှင့် မြို့တော်ဘန်ကောက်တို့တွင် လူပေါင်း ၃.၅၂ သန်းနီးပါးမှာ ရေကြီးရေလျှံမှုဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှု ဖြစ်ရပ်အသစ်နှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ပြီး ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က တင်ကျန်နေသောရေများပြန်ထုတ်ခြင်း၊ ကယ်ဆယ်ရေးနှင့် ရေကျပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို အောက်တိုဘာ ၅ ရက်တွင် ညွှန်ကြားခဲ့သည်။
မြောက်ကိုရီးယားက စစ်ရေးပိုင်းခြားမျဉ်း၏ တောင်ဘက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု စွပ်စွဲ၊ တောင်းပန်ရန် တောင်ကိုရီးယား တောင်းဆို
မြောက်ကိုရီးယားနိုင်ငံသည် စစ်ရေးပိုင်းခြားသတ်မှတ်မျဉ်း (MDL) ၏ တောင်ဘက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၅ ရက်တွင် စွပ်စွဲခဲ့ပြီး ပြုံယမ်းအစိုးရအနေဖြင့် တောင်းပန်ရန်လည်း တောင်းဆိုခဲ့သည်။
MDL ၏ တောင်ဘက်ရှိ စစ်မဲ့ဇုန် (DMZ) အတွင်း ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နေသော တောင်ကိုရီးယားစစ်သားများသည် မြောက်ကိုရီးယားက MDL ၏ တောင်ဘက်တွင် ထောင်ထားခဲ့သည့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော လူသတ်မြေမြှုပ်မိုင်းများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ဒုဥက္ကဋ္ဌ Kwon Dae-won က နောက်ဆုံးစုံစမ်းစစ်ဆေးမှု ရလဒ်များ ရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
Kwon က အဆိုပါ ကောက်ချက်ချမှုသည် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ တောင်ကိုရီးယားစစ်တပ်နှင့် ကုလသမဂ္ဂတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့သော ဖြစ်စဉ်နေရာ၌ ပူးတွဲစစ်ဆေးမှုအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Oct. 6
Iran's president, FM vow defense of national interests
Iran's President Masoud Pezeshkian and Foreign Minister Seyed Abbas Araghchi met with visiting Armenian Foreign Minister Ararat Mirzoyan in Tehran separately on Monday, each stressing Iran's resolve to defend its national interests and security.
"Negotiation is meaningless with an enemy that resorts to acts of assassination, sanctions, pressure, and threats on a daily basis, and breaks its promises," Pezeshkian said in his meeting with Mirzoyan, according to a statement published on the website of his office.
"So far, they (the United States) have attacked us three times following talks, which demonstrates that they are not seeking dialogue, but rather aiming to overthrow the Islamic Republic of Iran's establishment," Pezeshkian said.
Yemen's Houthis claim strikes on multiple Saudi targets, Saudi-led coalition says foiled Red Sea plot
Yemen's Houthi group said late Monday that it struck airports, an oil facility and military sites across Saudi Arabia with missiles and drones, while the Saudi-led coalition said it foiled a Houthi plot targeting southern Red Sea waterways.
In a statement broadcast by the Houthi-run Al-Masirah TV, Houthi military spokesperson Yahya Sarea said the group launched three operations on Saudi soil, the first targeting King Khalid International Airport in the capital Riyadh.
The second targeted an Aramco refinery in Rabigh, a Red Sea coastal city in western Saudi Arabia, he said, claiming that the attack caused a fire.
UN chief voices deep concern over escalation in Yemen
UN Secretary-General Antonio Guterres is deeply concerned by increased fighting in Yemen and condemns Houthi attacks, a UN spokesperson said Monday.
"The secretary-general has wanted the sides to de-escalate tensions, and he continues to want that," said Farhan Haq, the deputy spokesperson for Guterres.
The spokesperson added that Guterres does not believe that further militarization of the conflict, including involvement by outside powers, will be helpful.
Floods kill 31 in Thailand, waters recede in Bangkok
Floods across Thailand have killed 31 people and affected about 4.14 million others since Sept. 16, authorities said on Monday.
According to the Department of Disaster Prevention and Mitigation, nearly 3.52 million people in 26 provinces and the capital are still facing floods.
Thailand's Prime Minister Anutin Charnvirakul on Monday ordered agencies to speed up drainage, relief, and post-flood recovery as the Southeast Asian country braces for a new round of rain and high tides.
S. Korea accuses DPRK of planting landmines south of MDL, demands apology
The South Korean military on Monday accused the Democratic People's Republic of Korea (DPRK) of planting landmines south of the military demarcation line (MDL), demanding an apology from Pyongyang.
Kwon Dae-won, vice chairman of the Joint Chiefs of Staff (JCS), told a press briefing on the final investigation results that South Korean soldiers, who performed routine demilitarized zone (DMZ) operations south of the MDL, sustained severe injuries due to plastic anti-personnel landmines planted by the DPRK south of the MDL.
Kwon explained that the conclusion was based on the joint on-site investigation between the South Korean military and the United Nations Command from Sept. 26 to 29.



836c2dd84a851032ab0bf805a1b369906ac1ac38.article_card.avif)




