အချင်းဖြစ်ပွားသော Flydubai လေယာဉ်ပေါ်ပါ ခရီးသည်များအား တင်ဆောင်ထားသည့် အစားထိုးလေယာဉ်တစ်စင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion လေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)
အချင်းဖြစ်ပွားသော Flydubai လေယာဉ်ပေါ်ပါ ခရီးသည်များအား တင်ဆောင်ထားသည့် အစားထိုးလေယာဉ်တစ်စင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion လေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

Flydubai လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် မောင်းနှင်ခန်း ပဋိပက္ခဖြစ်မှုကြုံခဲ့ရသည့် လေကြောင်းခရီးစဉ်သည် “အကြမ်းဖက်တိုက်ခိုက်မှု” ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ယူအေအီးနိုင်ငံ သမ္မတ၏ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ် Anwar Gargash က အောက်တိုဘာ ၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။

၎င်း၏ ပို့စ်တွင် “အန္တရာယ်ရှိသော အကြမ်းဖက်မှု”၊ “ဒုက္ခရောက်နိုင်သည့်အခြေအနေ” နှင့် ကြုံတွေ့ရချိန်တွင် ရဲ့စွမ်းသတ္တိနှင့် တာဝန်ယူမှုတို့ကို ပြသနိုင်ခဲ့သော ခရီးစဉ်၏ အိန္ဒိယလေယာဉ်မှူးအား  Gargash က ချီးကျူးပြောကြားခဲ့သည်။

Flydubai လေကြောင်းလိုင်း၏ စက်တင်ဘာ ၃၀ ရက် FZ1073 လေကြောင်းခရီးစဉ်တွင်  ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းနေစဉ် အဆိုပါလုံခြုံရေးပြဿနာ  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလေကြောင်းခရီးစဉ်၏ လက်ထောက်လေယာဉ်မှူးသည် လေယာဉ်မောင်းနှင်ခန်းအတွင်း၌ လေယာဉ်မှူးအား ဓားဖြင့်ထိုးရန် ကြိုးပမ်းမှုကြောင့် လေယာဉ် ရုတ်တရက် မြန်ဆန်စွာ နိမ့်ဆင်းမှု ဖြစ်ခဲ့ကြောင်း၊ အခြားသော လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက တိုက်ခိုက်သူကို ထိန်းချုပ်ပြီးနောက် လေယာဉ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အချင်းဖြစ်ပွားပြီးနောက် အဆိုပါလေယာဉ်သည် လမ်းကြောင်းပြောင်း၍ ဆော်ဒီအာရေဗျနိုင်ငံ Tabuk လေဆိပ်၌ ဘေးကင်းလုံခြုံစွာ ဆင်းသက်ခဲ့ကြောင်း ယူအေအီးမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယူအေအီးနိုင်ငံ ရှေ့နေချုပ်သည် စုံစမ်းစစ်ဆေးရေး အဖွဲ့ငယ် ဖွဲ့စည်း၍ ယင်းဖြစ်စဉ်တွင် အကြမ်းဖက်ဝါဒ လှုပ်ရှားမှုနှင့် ပတ်သက်မှု ရှိ၊ မရှိအပါအဝင် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အမိန့်ချမှတ်ထားပြီးဖြစ်ကြောင်း ယူအေအီး သတင်းအေဂျင်စီ (WAM) က အောက်တိုဘာ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

阿联酋总统顾问:迪拜航空客机驾驶舱冲突“涉恐”

新华社迪拜10月2日电(记者夏晓 温新年)阿联酋总统外交顾问安瓦尔·加尔贾什2日在社交媒体上发文称,迪拜航空公司客机驾驶舱冲突涉事航班事发时面临“恐怖主义行为”。  加尔贾什在帖文中赞扬涉事航班的印度籍机长在面对“危险的恐怖主义行为”和“潜在灾难”时,展现了勇气和责任担当。  

9月30日,迪拜航空FZ1073航班从阿联酋迪拜飞往以色列特拉维夫途中发生安全事件。据阿联酋媒体报道,该航班副驾驶涉嫌在驾驶舱内刺伤机长,导致客机突然急降。在其他机组人员和乘客制服袭击者后,客机重新得到控制。事发后,该客机改道并安全降落在沙特阿拉伯塔布克机场。  

据阿联酋国家通讯社10月1日报道,阿联酋总检察长已下令成立调查小组,对此事件展开调查,包括调查是否与恐怖主义活动有关。(完)

图说:9月30日,一架载有迪拜航空涉事航班乘客的替代航班即将降落在以色列特拉维夫的本-古里安国际机场。新华社发(吉尔·科恩·马根摄)