အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လွတ်မြောက်ရေးရင်ပြင်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦး တာဝန်ကျ စောင့်ကြပ်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လွတ်မြောက်ရေးရင်ပြင်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦး တာဝန်ကျ စောင့်ကြပ်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ အောက်တိုဘာ ၂  ရက် (ဆင်ဟွာ)

အစွန်းရောက်အဖွဲ့အစည်း ISIS ကို တိုက်ခိုက်သည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့များသည် အီရတ်နိုင်ငံမှ အားလုံး ရုပ်သိမ်းထွက်ခွာသွားပြီဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Ali al-Zaidi က အောက်တိုဘာ ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ အတည်ပြုခဲ့ပြီး အီရတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို အပြည့်အဝ ရရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော် အချုပ်အခြာအာဏာ အပြည့်အဝ ရရှိခြင်းသည် အီရတ် ပြည်သူတစ်ရပ်လုံး ဂုဏ်ယူရသည့် နိုင်ငံတော် အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အောက်တိုဘာ ၁ ရက်သည် အီရတ်က နိုင်ငံတော်၏ ထိန်းချုပ်မှုအာက်တွင် မရှိသော လက်နက်များဆိုင်ရာ ကိစ္စရပ်အား ဖြေရှင်းခြင်းဟူသော လေးနက်သည့် လုပ်ငန်းစဉ်ကို စတင်ခြင်း၏ အစလည်းဖြစ်ပြီး ရှင်းလင်းတိကျသော လမ်းပြမြေပုံနှင့် အချိန်ဇယားအရ သက်ဆိုင်ရာ လုပ်ငန်းစဉ်ကို ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ ပြီးစီးရမည်ဖြစ်ကြောင်း Ali al-Zaidi က ကြေညာချက်တွင် ပြောကြားခဲ့သည်။

Ali al-Zaidi က အစိုးရသည် နိုင်ငံအတွင်းရှိ “အီရတ်မဟုတ်သော” လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းရန် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော် လုံခြုံတည်ငြိမ်မှုကို ထိန်းသိမ်းကာ နယ်စပ်ဒေသအပေါ် စီမံထိန်းချုပ်မှုကို သေချာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ISIS ကို တိုက်ခိုက်သည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့များ၏ အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်မှု တရားဝင် ပြီးဆုံးကြောင်း Ali al-Zaidi က စက်တင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် အီရန်၏ ပံ့ပိုးမှု ရရှိသည်ဟု ယူဆရသည့် “အီရတ် အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု” က ကြေညာချက် ထုတ်ပြန်၍ လက်နက်များကို လွှဲပြောင်းပေးအပ်ရန် ငြင်းဆိုကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး ယင်းအဖွဲ့အစည်းသည် မည်သည့် အစိုးရအဖွဲ့အစည်း သို့မဟုတ် နိုင်ငံရေး ဂိုဏ်းဂဏတစ်ခုခု၏ အချိန်ဇယားနှင့် သဘောတူညီချက် ကန့်သတ်မှုကိုမျှ ခံယူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………….

(Chinese Version)

伊拉克宣布实现国家完全主权

新华社巴格达10月1日电(记者李军 王泽宇)伊拉克总理扎伊迪10月1日发表声明,确认美国主导的打击极端组织“伊斯兰国”国际联盟部队已全部撤离伊拉克,宣布伊拉克实现国家完全主权。  

扎伊迪在声明中说,实现国家完全主权是令全体伊拉克人民自豪的国家成就。同时,10月1日也是伊拉克启动解决非国家管控武器问题这一严肃进程的开始,根据明确的路线图和时间表,相关进程将不晚于2027年6月30日完成。  

扎伊迪表示,政府将致力于彻底解除境内所有“非伊拉克”武装组织的武装,维护国家安全稳定,确保对边境的管控。  

9月30日,扎伊迪宣布美国主导的打击“伊斯兰国”国际联盟部队正式结束在伊拉克的任务。同日,被认为受伊朗支持的“伊拉克伊斯兰抵抗运动”发表声明,明确表示拒绝交出武器,并称该组织不受任何政府机构或政治派别的时间表和协议约束。(完)

图说:9月30日,在伊拉克巴格达,一名安全人员在解放广场值守。新华社发(哈利勒·达伍德摄)