ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်က အီရတ်စစ်ပွဲ စတင်ဆင်နွှဲသည့် ဆုံးဖြတ်ချက်မှာ “အလွန်ဆိုးရွား” ကြောင်း၊ အမေရိကန်ကို နွံနစ်သွားစေခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က စက်တင်ဘာ ၃၀ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင် ပြောကြားခဲ့သည်။

ထရမ့်က “ဒီနေ့မှာ နောက်ဆုံးအသုတ် အမေရိကန်စစ်တပ်က အီရတ်ကနေ ဆုတ်ခွာနေပြီ ဆိုတဲ့အကြောင်း ကျွန်တော် ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ ဒါတွေအားလုံးက ဖြစ်ပွားနေတာ အတော်ကြာခဲ့ပါပြီ။ အရင်က အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့က ဒီနွံထဲမှာ နစ်နေခဲ့တာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဒီအရာအားလုံးက အတိတ်သမိုင်းတွေ ဖြစ်သွားပါလိမ့်မယ်” ဟု ဆိုခဲ့သည်။

ထရမ့်က ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အဆိုပါ စစ်ရေးလှုပ်ရှားမှုကို “အရင်းအနှီးအလွန်တရာကြီးမားသည့် ငရဲခရီး” ဟု တင်စားပြောကြားခဲ့ပြီး အမေရိကန်စစ်တပ် ဆုတ်ခွာသည့်ထိုနေ့သည် “အမေရိကန်ရဲ့ အောင်နိုင်မှုသာမက အီရတ်ရဲ့ အောင်နိုင်မှုလည်း ဖြစ်သလို ‘ISIS’ တွေအတွက်လည်း ဆုံးဖြတ်မှုအသွင် အောင်နိုင်မှုလည်းဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။ ၎င်းက ယခုအကြိမ် စစ်တပ်ဆုတ်ခွာမှုကို ၂၀၂၁ ခုနှစ်တွင် အမေရိကန်စစ်တပ် အာဖဂန်နစ္စတန်မှ ဆုတ်ခွာချိန်က ရှုပ်ထွေးမှုများနှင့် နှိုင်းယှဉ်ခဲ့ပြီး ယခုအကြိမ် အမေရိကန်စစ်တပ် လူပုဂ္ဂိုလ်နှင့် လက်နက်ပစ္စည်းများသည် “စနစ်တကျ ဆုတ်ခွာမှု” ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အမေရိကန်က ဦးဆောင်သော ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့သည် စက်တင်ဘာ ၃၀ ရက်တွင် အီရတ်၌ စစ်ရေးမစ်ရှင်များ အဆုံးသတ်ခဲ့သည်ဟု ထိုနေ့အစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ထိုနေ့တွင် အီရတ်နိုင်ငံက နိုင်ငံတော်လွတ်လပ်ရေးနှင့် ဂုဏ်သိက္ခာအား ကိုယ်စားပြုသည့် “အချုပ်အခြာအာဏာနေ့” ကျရောက်ခဲ့ပြီး အမေရိကန်စစ်တပ် ဆုတ်ခွာသွားမှုကို ဂုဏ်ပြုခဲ့သည်။

အီရတ်ဝန်ကြီးချုပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် Ali al-Zaidi က နိုင်ငံတကာမဟာမိတ်အဖွဲ့ မစ်ရှင်အဆုံးသတ်မှုမှာ အီရတ်နိုင်ငံက အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်မှုအား ဘက်စုံကိုယ်တိုင် ကာကွယ်ထိန်းသိမ်းမှု အဆင့်အသစ်သို့ ဝင်ရောက်သွားမှု သင်္ကေတဖြစ်ကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

特朗普称美国发动伊拉克战争的决策“非常糟糕”

新华社华盛顿9月30日电(记者黄强 徐剑梅)美国总统特朗普9月30日在社交媒体发文称,美国发动伊拉克战争的决策“非常糟糕”,让美国陷入泥潭。  

特朗普说:“今天,我很高兴地宣布,最后一批美军正在撤离伊拉克!这一切持续太久了,正是当初非常糟糕的决策让我们陷入这场泥潭,但很快这一切都将成为历史。”  

特朗普将这场始于2003年的军事行动形容为“代价极其高昂的地狱之旅”,并称美军撤离这一天“不仅是美国的胜利,也是伊拉克的胜利,更是对‘伊斯兰国’的决定性胜利”。他还将此次撤军同美军2021年撤离阿富汗时的混乱相比,称此次美军人员和装备“有序撤离”。  

当天早些时候,美国国防部发表声明宣布,美国主导的打击“伊斯兰国”国际联盟部队于9月30日结束在伊拉克的军事任务。同日,伊拉克迎来象征国家独立与尊严的“主权日”,庆祝美军撤出。伊拉克总理兼武装部队总司令扎伊迪当天表示,国际联盟部队任务的结束标志着伊拉克进入全面自主维护国家安全与稳定的新阶段。(完)