အချင်းဖြစ်ပွားသော Flydubai လေယာဉ်ပေါ်ပါ ခရီးသည်များအား တင်ဆောင်ထားသည့် အစားထိုးလေယာဉ်တစ်စင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion လေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)
အချင်းဖြစ်ပွားသော Flydubai လေယာဉ်ပေါ်ပါ ခရီးသည်များအား တင်ဆောင်ထားသည့် အစားထိုးလေယာဉ်တစ်စင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion လေဆိပ်သို့ ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ယူအေအီးနိုင်ငံ Flydubai လေကြောင်းလိုင်းကုမ္ပဏီသည် စက်တင်ဘာ ၃၀ ရက်က ဒူဘိုင်းမြို့မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းရန် မူလက စီစဉ်ထားသည့် FZ1073 ခရီးစဉ်အတွင်း လေယာဉ်မောင်းနှင်ခန်းအတွင်း၌ ပဋိပက္ခဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါကုမ္ပဏီသည် အစ္စရေးသို့ အသွားအပြန်ခရီးစဉ်များအား ရပ်ဆိုင်းခဲ့ပြီး သက်ဆိုင်ရာဘက်က အဆိုပါဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းလျက်ရှိသည်ဟု ထို‌နေ့တွင် ပြောကြားခဲ့သည်။

Flydubai လေကြောင်းလိုင်းက အဆိုပါဆုံးဖြတ်ချက်သည် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် အစိုးရဌာန၊ စောင့်ကြည့်စီမံရေးအဖွဲ့အစည်းနှင့် လေဆိပ်ဘက်တို့နှင့် အနီးကပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီးနောက်ထပ်ရရှိမည့် သတင်းအချက်အလက်များအပေါ်မူတည်၍ ခရီးစဉ်ပြေးဆွဲမှုရပ်နားထားသည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

Flydubai လေကြောင်းလိုင်းက ခရီးစဉ်များကမောက်ကမဖြစ်သွားရသည့် ခရီးသည်များအား အနူးအညွတ်တောင်းပန်ကြောင်းနှင့် ခရီးစဉ်များအတွက် ကူညီမှုနှင့် အစားထိုးမှုများ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

FZ1073 လေကြောင်းခရီးစဉ်၏ ထိုနေ့တွင် တဲလ်အဗစ်မြို့သို့ ပျံသန်းသွားရောက်သည့် ခရီးစဉ်အတွင်း လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးအခန်း၌ လေယာဉ်မှူးအား ဓားဖြင့်ထိုးရန် ကြိုးပမ်းမှုကြောင့် လေယာဉ် ရုတ်တရက် မြန်ဆန်စွာ နိမ့်ဆင်းမှု ဖြစ်ခဲ့ကြောင်း၊ အခြားသော လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များက တိုက်ခိုက်သူကို ထိန်းချုပ်ပြီးနောက် လေယာဉ်အမှုထမ်းများက လေယာဉ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ယူအေအီးမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

အချင်းဖြစ်ပွားပြီးနောက် အဆိုပါလေယာဉ်သည် လမ်းကြောင်းပြောင်း၍ ဆော်ဒီအာရေဗျနိုင်ငံ Tabuk လေဆိပ်၌ ဘေးကင်းလုံခြုံစွာ ဆင်းသက်ခဲ့သည်ဟု Flydubai လေကြောင်းလိုင်းက ဆိုခဲ့သည်။

ယူအေအီးနိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ချုပ် (GCAA) က အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် လေယာဉ်ပေါ်ပါ ခရီးသည် ၁၇၄ ဦးမှာ Flydubai လေကြောင်းလိုင်း၏ အခြားလေယာဉ်တစ်စင်းဖြင့် တဲလ်အဗစ်မြို့သို့ သွားရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူအေအီးနိုင်ငံ အရပ်ဘက်လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ချုပ်က လေကြောင်းခရီးစဉ် လည်ပတ်ပြေးဆွဲမှုနှင့် လုံခြုံရေးအဆင့် အပါအဝင် အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

因客机驾驶舱冲突事件 迪拜航空暂停往返以色列航班

新华社迪拜9月30日电(记者温新年 夏晓)阿联酋迪拜航空公司9月30日说,当天原定从迪拜飞往以色列特拉维夫的FZ1073航班发生驾驶舱冲突事件后,该公司已暂停所有往返以色列的航班,等待有关方面对事件展开调查。  

迪拜航空在一份声明中说,这一决定是在与有关部门协调后作出的。公司将继续与政府部门、监管机构和机场方面保持密切协调,并根据进一步获得的信息对停航决定进行评估。  

迪拜航空对旅行计划受到影响的乘客表示歉意,并表示正尽可能提供协助和替代出行安排。  

据阿联酋媒体报道,FZ1073航班当天在飞往特拉维夫途中,副驾驶涉嫌在驾驶舱内持刀刺伤机长,导致飞机突然急降。其他机组人员和乘客制服袭击者后,机组重新控制飞机。  

迪拜航空说,事发后,该飞机改道并安全降落在沙特阿拉伯塔布克机场。  

阿联酋民航总局说,事件造成部分机组人员受伤。机上174名乘客随后搭乘迪拜航空另一架飞机前往特拉维夫。阿联酋民航总局已对事件展开调查,包括审查航班运营和安保环节。(完)

图说:9月30日,一架载有迪拜航空涉事航班乘客的替代航班即将降落在以色列特拉维夫的本-古里安国际机场。 新华社发(吉尔·科恩·马根 摄)