တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Sejong ယဉ်ကျေးမှုခန်းမ၌ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-NEWSIS/Handout via Xinhua)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Sejong ယဉ်ကျေးမှုခန်းမ၌ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-NEWSIS/Handout via Xinhua)

ဆိုးလ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မကြာသေးမီရက်က တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်မဲ့ဇုန် (DMZ) အတွင်း ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းမတော်တဆပေါက်ကွဲမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဖြစ်ရပ်မှန်ကို အမြန်ဆုံး စိစစ်ဖော်ထုတ်ရန် စစ်တပ်အား တောင်းဆိုခဲ့ပြီး အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုရလဒ်များအပေါ်မူတည်၍ လိုအပ်သော အစီအမံများကို လုပ်ဆောင်မည်ဟု စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားကြည်းတပ် အမှတ် ၂၅ တပ်မသည် စက်တင်ဘာ ၂၁ ရက်တွင် တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ရေးအရ နယ်နိမိတ်ခွဲခြားသတ်မှတ်ထားသောမျဉ်းအနီး တောင်ကိုရီးယားဘက်ခြမ်း စစ်မဲ့ဇုန်အတွင်း တာဝန်ထမ်းဆောင်နေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ စစ်သည်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်စဉ်၏ ကနဦးစုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ရာတွင် ဤမတော်တဆဖြစ်မှုသည် “မြောက်ကိုရီးယားစစ်တပ်က မြှုပ်နှံထားသော မြေမြှုပ်မိုင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ခြေ အလွန်မြင့်မားသည်" ဟု ဖော်ပြခဲ့သည်။ နောက်ဆုံးတွင် ဤမတော်တဆဖြစ်စဉ်သည် မြောက်ကိုရီးယားဘက်မှ မြေမြှုပ်မိုင်းကြောင့်ဖြစ်ကြောင်း အတည်ပြုနိုင်ပါက သင့်လျော်သော အစီအမံများကို လုပ်ဆောင်မည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် စက်တင်ဘာ ၂၉ ရက်တွင် “ကုလသမဂ္ဂစစ်ဌာနချုပ် (UNC) ” နှင့်အတူ ယခုအကြိမ်မတော်တဆမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ လီဂျေမြောင်က စက်တင်ဘာ ၂၉ ရက်တွင် စစ်တပ်အား UNC နှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ (Xinhua)

....................................

(Chinese Version)

韩总统要求军方查明非军事区地雷爆炸事故

新华社首尔9月29日电(记者陈怡 孙一然)针对日前发生在韩朝非军事区的地雷爆炸事故,韩国总统李在明29日要求军方迅速查明真相,并表示政府将视调查结果采取必要措施。  

韩国陆军第25师21日在韩朝军事分界线附近韩方一侧非军事区内执行任务时发生地雷爆炸事故,造成3名军人受伤,其中2人伤势严重。  

韩国军方28日公布事故初步调查结果称,此次事故“由朝军埋设地雷引发的可能性极高”。韩军方表示,如果最终确定事故由朝方地雷所致,将采取相应措施。  

韩国联合参谋本部29日发布消息说,韩国军方当天与“联合国军司令部”就此次事故共同进行现场调查。李在明29日要求军方与“联合国军司令部”保持密切合作。(完)

图说:2026年9月30日星期三8月15日,在韩国首尔世宗文化会馆,韩国总统李在明发表致辞。新华社/纽西斯通讯社