တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် မူသန်းကျန်းမြို့ ကျင့်ပေါ်ရေကန် ရှုခင်းသာ၏ ဆောင်းဦးရာသီရှုခင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် မူသန်းကျန်းမြို့ ကျင့်ပေါ်ရေကန် ရှုခင်းသာ၏ ဆောင်းဦးရာသီရှုခင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဆောင်းဦးလေညင်း တိုက်ခတ်လာချိန်တွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်တစ်ခွင် တောင်တန်း သစ်တောများက ရောင်စုံပိုးသားဝတ်စုံကို ဆင်မြန်းထားသည့်ပမာ လှပလျက်ရှိသည်။ ဆောင်းဦးချိန်ခါ အရောင်အသွေး စုံလင်သော တောင်တန်းနှင့် သစ်တောပင်လယ်ရှုခင်းများ ပေါ်ထွက်လာရာ ရောင်စုံစိမ့်မြေများနှင့်  ကောင်းကင်ယံရှိ တိမ်တိုက်များက ရောင်ပြန်ဟပ်နေပေသည်။

တောင်တန်းများအရောင်အသွေးနှင့် ရေပြင်အလှတရားတို့ ရောယှက်လျက်ရှိပြီး ကမ္ဘာမြေကြီးတွင် ဆေးရေးပန်းချီကားတစ်ချပ် ဖြန့်ခင်းထားသည့်ပမာ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ၏ ဆောင်းဦးရာသီ ခမ်းနားသော အလှတရားနှင့် သက်ဝင်လှုပ်ရှားမှုတို့ကို အပြည့်အဝ ပေါ်လွင်စေပေသည်။ (Xinhua)

---------------------

(Chinese Version)

美丽中国丨斑斓北国 “醉美”龙江

新华社照片,哈尔滨,2026年9月28日

秋风送爽,黑龙江山野披锦。五花山色漫卷林海,斑斓湿地波映云天。山色与水韵相融,天地间宛若油画铺展,尽显北国秋日的壮美与灵动。

图说1:这是9月27日在黑龙江省牡丹江市镜泊湖风景区拍摄的秋色(无人机照片)。 新华社发(王哲摄)

图说2:这是9月25日在黑龙江省牡丹江市海林市拍摄的朝霞中的秋色(无人机照片)。新华社发(王宝勋摄)