ပေါင်ဆန်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်ဆောင်းဦးလယ်ပွဲတော် လပြည့်နေ့သည် ပြည်ပရောက်တရုတ်နွယ်ဖွားများ၏ နှလုံးသားမှာ ဇာတိမြို့ထံ လွမ်းဆွတ်တမ်းတနေပေသည်။ နေဝင်ချိန် အိမ်သို့ အပြေးအလွှား ပြန်လာကြခြင်း၊ ဓာတ်ပုံဟောင်းသိမ်းထားသော တန်ဖိုးထား အမှတ်တရများမှသည် တိမ်တိုက်များကို ငေးမောရင်း ပြန်လည်ဆုံတွေ့ကြခြင်းအထိ ဤပြည်ပရောက်တရုတ်နွယ်ဖွားများနေထိုင်ရာ ပေါင်ဆန်းမြို့ ထိန်ချုံးခရိုင်မြို့လေးတွင်နေ့စဉ်ဘဝလှုပ်ရှားမှုများသည် နှစ်စဉ်အတိုင်း ပုံမှန်ရှိနေကာ ပြန်လည်ဆုံစည်းခြင်းသည်လည်း မျိုးဆက်သစ်တို့ဖြင့် အဆက်မပြတ် တည်ရှိနေပါသည်။ လမင်းကြီးဖြင့် အလွမ်းများ ပေးပို့ကြရင်း ချစ်ခြင်းမေတ္တာဖြင့် ပြန်လည်ဆုံစည်းကြသည်။ ဒေသတစ်ခု၏ နေအိမ်မီးရောင်များ အေးချမ်းစွာ ထွန်းလင်းနေပြီး မွေးရပ်မြေမှာ တည်ငြိမ်အေးချမ်းစွာ ရှိနေပါသည်။ တောတောင်ပင်လယ်တို့ကလည်း တစ်စင်းတည်းသော လပြည့်ဝန်းကို အတူတကွ မျှဝေခံစားကြပြီး လူ့လောကတစ်ခွင်လုံးတွင် ပြန်လည်ဆုံစည်းခြင်းများနှင့်ပြည်စုံလျက်ရှိသည်။ (Xinhua)
..............................
(Chinese Version)
保山腾冲:一轮月 万家圆
月满中秋,情系侨乡。从落日归家的奔赴,到旧照藏情的惦念,再到云端相望的重逢,在保山市腾冲市这片侨乡,烟火岁岁如常,团圆生生不息。以月寄情,以爱团圆,一域灯火安宁,一方故土安然,山海共明月,人间皆团圆。(杨朴)








