ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်သို့ သွားရောက်ခဲ့သည့် နိုင်ငံတော်ခရီးစဉ်သည် မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် တိုးတက်မှုအသစ်များ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်၌ သမ္မတရှီ၏ ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကြာမြင့်သော သမ္မတရှီ၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များကို ရှင်းလင်းပြောကြားစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတရှီနှင့် သမ္မတထရမ့်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေးအပြင် ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းသည့် မဟာဗျူဟာကျ၍ ဆက်စပ်လွှမ်းခြုံမှုရှိသော ကိစ္စရပ်များကို အပြန်အလှန်လေးစား၍ ခင်မင်ရင်းနှီးမှုရှိသော ပတ်ဝန်းကျင်၌ ရင်းနှီးပွင့်လင်းစွာ ခြေခြေမြစ်မြစ် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ဝမ်က ပြောသည်။
သမ္မတထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်ချိန်ကတည်းကပင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် လူချင်းတွေ့ဆုံမှု သုံးကြိမ်၊ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု ငါးကြိမ်အပါအဝင် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြပြီး အပြန်အလှန်လေးစားမှုနှင့် စိတ်ရင်းမှန်ကန်မှုကို အခြေခံသည့် အပြန်အလှန်ဆက်ဆံရေး ပုံစံတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးအပါဆုံး မဟာဗျူဟာမြောက်တန်ဖိုး ဖြစ်လာကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။
ယခုခရီးစဉ်၏ အရေးပါသော နိုင်ငံရေးရလဒ်တစ်ခုမှာ သမ္မတရှီနှင့် သမ္မတထရမ့်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေသစ်၏ အနှစ်သာရကို ပိုမိုကြွယ်ဝစေခဲ့ပြီး လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးပြုမှုတို့ကို အခြေခံသည့် မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဝမ်က ဆက်လက်ပြောကြားသည်။
လေးစားမှုဆိုသည်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အချုပ်အာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားခြင်း၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူမှုရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုကို လေးစားခြင်း၊ အခြားနိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် အဓိကဂရုပြုစရာများကို လေးစားခြင်းတို့ပင်ဖြစ်ကြောင်း ဝမ်က ဆိုသည်။
တရားမျှတမှု ဆိုသည်မှာ တစ်ဦးအသာရလျှင် အခြားတစ်ဦးက ထိခိုက်ဆုံးရှုံးရသည့် (zero-sum game) အခြေအနေကို ငြင်းပယ်ကာ တစ်ဖက်သတ် အကြွင်းမဲ့အသာစီးရရှိရန် ကြိုးစားခြင်းမပြုဘဲ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ပြုကျင့်သုံးခြင်း၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းပင်ဖြစ်ကြောင်း ဝမ်က ဆက်လက်ပြောကြားသည်။
အပြန်အလှန်အကျိုးပြုမှု ဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံသည် အချုပ်အာဏာ တန်းတူညီမျှရှိခြင်း၊ မည်သည့်ဘက်ကမျှ အခြားတစ်ဘက်ထက် သာလွန်မှုမရှိခြင်း၊ မည်သည့်ဘက်ကမျှ အထက်စီးဆန်သည့် သို့မဟုတ် ဗိုလ်ကျအနိုင်ကျင့်သည့် အပြုအမူမျိုးကို မလုပ်ဆောင်ခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ဂရုပြုစရာများကို တန်းတူညီမျှမှုအပေါ် အခြေခံ၍ ဖြေရှင်းခြင်း၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို ဟန်ချက်ညီညီ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းတို့ပင်ဖြစ်ကြောင်း ဝမ်က ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260926/ab86a35f796d4909819b30e51fe22172/c.html
..................................
(English Version)
Xi's state visit leads to new progress in constructive China-U.S. relationship of strategic stability: Chinese FM
BEIJING, Sept. 26 (Xinhua) -- Chinese President Xi Jinping's state visit to the United States has led to new progress in a constructive China-U.S. relationship of strategic stability, Chinese Foreign Minister Wang Yi said after Xi wrapped up his U.S. visit on Friday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks while briefing reporters on Xi's state visit to the United States from Sept. 23 to 25.
President Xi and President Donald Trump had a candid and in-depth exchange of views in a friendly atmosphere of mutual respect on strategic and overarching issues concerning China-U.S. relations and the broader global landscape, Wang said.
Since President Trump began his second term, the two heads of state have maintained close exchanges, including three in-person meetings and five phone talks, and fostered a pattern of interaction marked by mutual respect and sincerity, said Wang, noting this has become the most valuable strategic asset in China-U.S. relations.
An important political outcome of the visit is that President Xi and President Trump further enriched the substance of the new positioning of China-U.S. relations and have agreed to build a constructive China-U.S. relationship of strategic stability based on respect, fairness and reciprocity, Wang said.
Respect means respecting each other's sovereignty and territorial integrity, respecting each country's choice of social system and development path, and respecting the other side's core interests and major concerns, Wang said.
Fairness, Wang continued, means pursuing mutually beneficial cooperation and handling differences through consultation, rejecting a zero-sum game in which one side's gain comes at the expense of the other's, and not seeking unilateral absolute advantage.
Reciprocity means that the two countries are equal in sovereignty, that neither side stands above the other, that neither engages in hegemonic nor bullying behavior, that each side's concerns are addressed on an equal basis, and that cooperation across various fields develops in a balanced manner, Wang said.
https://english.news.cn/20260926/ab86a35f796d4909819b30e51fe22172/c.html








