တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချိန်တူး Shuangliu နိုင်ငံတကာလေဆိပ်တွင် ဖိန်ဖိန်နှင့် ဖူစွမ်း အမည်ရ ပန်ဒါကြီးနှစ်ကောင်ကို တင်ဆောင်ထားသည့် သီးသန့်ငှားရမ်းထားသော လေယာဉ်ကို ၂၀၂၆ ခုနှစ် စက်တင် ၂၇ ရက်က တွေ့ရစဥ်  (ဓာတ်ပုံ-Chengdu Research Base of Giant Panda Breeding/Handout via Xinhua)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချိန်တူး Shuangliu နိုင်ငံတကာလေဆိပ်တွင် ဖိန်ဖိန်နှင့် ဖူစွမ်း အမည်ရ ပန်ဒါကြီးနှစ်ကောင်ကို တင်ဆောင်ထားသည့် သီးသန့်ငှားရမ်းထားသော လေယာဉ်ကို ၂၀၂၆ ခုနှစ် စက်တင် ၂၇ ရက်က တွေ့ရစဥ် (ဓာတ်ပုံ-Chengdu Research Base of Giant Panda Breeding/Handout via Xinhua)

ချိန်တူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဖိန်ဖိန်နှင့် ဖူစွမ်းဟု အမည်ရသည့် ပန်ဒါဝက်ဝံကြီးနှစ်ကောင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချိန်တူး Shuangliu နိုင်ငံတကာလေဆိပ်မှ အမေရိကန်နိုင်ငံရှိ အတ္တလန်တာတိရစ္ဆာန်ရုံသို့ သီးသန့်ငှားရမ်းထားသော လေယာဉ်ဖြင့် စက်တင်ဘာ ၂၇ ရက်၊ နံနက် ၂ နာရီ ၅၅ မိနစ်က ထွက်ခွာသွားခဲ့ပြီး အဆိုပါတိစ္ဆာန်ရုံတွင် ၁၀ နှစ်ကြာနေထိုင်မည့် ၎င်းတို့၏ ဘဝခရီးကာလကို စတင်လိုက်ပြီဖြစ် သည်။

ယင်းကဲ့သို့ ပန်ဒါဝက်ဝံကြီးနှစ်ကောင် ခရီးမထွက်ခွာမီ ချိန်တူးမြို့ရှိ ပန်ဒါကြီးများ မွေးမြူရေးနှင့် သုတေသနဌာနကလည်း ၎င်းတို့အတွက် နှုတ်ဆက်ပွဲ အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ပေးခဲ့သည်။ (Xinhua)

--------------------------

(English version)

Two giant pandas set off from Chengdu for 10-year stay at Zoo Atlanta

CHENGDU, Sept. 27 (Xinhua)

A pair of giant pandas, Ping Ping and Fu Shuang, departed for Zoo Atlanta in the U.S. from Chengdu Shuangliu International Airport in southwest China's Sichuan Province on a chartered flight at 2:55 a.m. Sunday, kicking off their 10-year stay at the zoo.

Before the departure, the Chengdu Research Base of Giant Panda Breeding held a farewell ceremony for the pair. ■

Photo caption: This photo taken on Sept. 27, 2026 shows a chartered flight carrying a pair of giant pandas, Ping Ping and Fu Shuang, at Chengdu Shuangliu International Airport in southwest China's Sichuan Province. (Chengdu Research Base of Giant Panda Breeding/Handout via Xinhua)