ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မှု အောင်မြင်စွာ ပြီးဆုံးပြီးနောက် ပေကျင်းမြို့သို့ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲအဖွဲ့ဝင်၊ ဗဟိုအထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း စသည့် လိုက်ပါသွားသူများကလည်း လေယာဉ်တစ်စင်းတည်းဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

...........................

(Chinese Version)

习近平结束对美国的国事访问回到北京

新华社北京9月26日电 9月26日下午,国家主席习近平圆满结束对美国的国事访问回到北京。  

习近平主席夫人彭丽媛,中共中央政治局常委、中央办公厅主任蔡奇,中共中央政治局委员、外交部部长王毅,中共中央政治局委员、国务院副总理何立峰等陪同人员同机返回。(完)