တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့က အမေရိကန် သမ္မတ ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့နှင့်အတူ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးနေကြစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့က အမေရိကန် သမ္မတ ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့နှင့်အတူ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့က ဒေသစံတော်ချိန် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့်နှင့် ဇနီးမယ်လန်နီယာတို့နှင့်အတူ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ အကြီးအကဲများက တရုတ်-အမေရိကန် ဆက်ဆံရေး သတ်မှတ်ချက်၏ အနှစ်သာရကို တစ်ဆင့်တိုး ကြွယ်ဝစေရန်၊ “လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် ဆက်ဆံရေး” အား အတူတကွတည်ဆောက်ရန် သဘောတူညီခဲ့သည်။

ရှီကျင့်ဖိန်က ဤသည်မှာ ၁၁ နှစ်အကြာတွင် ဝါရှင်တန်မြို့သို့ ထပ်မံလာရောက်၍ အမေရိကန်သို့ နိုင်ငံတော် ခရီးစဉ်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်တွင် မိမိတို့သည် တရုတ်-အမေရိကန် ဆက်ဆံရေးသတ်မှတ်ချက်၏ အနှစ်သာရကို ထပ်မံကြွယ်ဝစေခဲ့ပြီး “လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသော အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် ဆက်ဆံရေး” အား အတူတကွတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း၊ ကုန်သွယ်စီးပွားရေးကဏ္ဍတွင်လည်း အပြန်အလှန် အကျိုးဖြစ်ထွန်းသောရလဒ်များ ရရှိခဲ့ရာ နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုဆိုခြင်း ခံရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနာဂတ်အလားအလာသည် ထွန်းလင်းလျက်ရှိပြီး ယင်းသည် သမိုင်းရေစီးကြောင်းဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ထွန်းလင်းမှုဆီသို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် ပုံမှန်အားဖြင့် ကွေ့ကောက်ပြီး အခက်အခဲနှင့် စိန်ခေါ်မှုများစွာ အမြဲရှိနေရာ ယင်းသည်လည်း အဖြစ်အပျက်များ ဖြစ်ပေါ်တိုးတက်မှုနိယာမနှင့် ကိုက်ညီကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ မိမိအနေဖြင့် သမ္မတ ထရမ့်နှင့်အတူ သမိုင်းအပေါ် တာဝန်ယူသည့် ရဲဝံ့မှုနှင့် တာဝန်ခံမှုဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုသမိုင်းတွင် ထင်ရှားသော၊ အရောင်အသွေးစုံလင်သော စာမျက်နှာတစ်ခုကို အတူတကွ ရေးခြယ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က သမ္မတ ရှီကျင့်ဖိန် ယခုအကြိမ် အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်မှုသည် အပြုသဘောဆောင်မှု ကြွယ်ဝသော၊ အလွန်အောင်မြင်သော ခရီးစဉ်ဖြစ်ကြောင်း၊ နှစ်ဖက်သည် အမေရိကန်-တရုတ်ဆက်ဆံရေး၊ အရေးကြီး နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဖလှယ်ခဲ့ကြပြီး အပြုသဘောဆောင်သောရလဒ်များစွာ ရရှိခဲ့ရာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အနီးကပ် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ထိန်းသိမ်းထားပြီး အမေရိကန်-တရုတ် ဆက်ဆံရေး တိုးတက်မှုကို အတူတကွ ဦးဆောင်သွားရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ဆွေးနွေးပြောဆိုပြီးနောက် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ထရမ့်နှင့် မယ်လန်နီယာတို့၏ လိုက်ပါပို့ဆောင်မှုဖြင့် အမေရိကန် အမျိုးသားမော်ကွန်းတိုက်သို့ သွားရောက်ခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲ ဇနီးမောင်နှံက အမျိုးသားမော်ကွန်းတိုက် ဗဟိုခန်းမသို့ ဝင်ရောက်ပြီး မော်ကွန်းတိုက်နှင့် အဓိကပြသထားသော ပစ္စည်းများအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားမှုကို နားဆင်ခဲ့ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီးဖုန်လိယွမ်တို့က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်နှင့် ၎င်း၏ဇနီး မယ်လန်နီယာနှင့်အတူ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးပြီးနောက် အမျိုးသားမော်ကွန်းတိုက်အား လေ့လာကြည့်ရှုနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီးဖုန်လိယွမ်တို့က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်နှင့် ၎င်း၏ဇနီး မယ်လန်နီယာနှင့်အတူ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးပြီးနောက် အမျိုးသားမော်ကွန်းတိုက်အား လေ့လာကြည့်ရှုနေစဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန်က အမှုတွဲများသည် ရှေးလူတို့၏ ဉာဏ်ပညာများကို သယ်ဆောင်ထားသလို အနာဂတ်အပေါ် ဉာဏ်လမ်းစဖွင့်ပေးမှုများလည်း ပါဝင်နေကြောင်း၊ နှစ်ပေါင်း ၂၅၀ အတွင်း အမေရိကန်ပြည်သူများက အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်လျက်ရှိပြီး မြောက်အမေရိကကုန်းမြေတွင် ချမ်းသာကြွယ်ဝကာ အင်အားတောင့်တင်းသောနိုင်ငံနှင့် သာယာလှပသော မိသားစုဥယျာဉ်ကို တည်ဆောက်ခဲ့ကြောင်း၊ တရုတ်ပြည်သူများသည် တရုတ်အမျိုးသား နှစ်ပေါင်း ၅,၀၀၀ ယဉ်ကျေးမှုအစဉ်အလာကို အမွေဆက်ခံပြီး တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေး တရုတ်အိပ်မက်အား အကောင်အထည်ဖော်သည့် ခရီးစဉ်အသစ်တွင် ရလဒ်အသစ်များ အဆက်မပြတ် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် ဝိသေသလက္ခဏာ ကိုယ်စီရှိကြသည့် နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် သမိုင်းယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းစနစ်၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ မတူညီကြသော်လည်း နှစ်နိုင်ငံပြည်သူများ၏ သာယာလှပသောဘဝအပေါ် မျှော်လင့်တောင့်တမှုများသည် တူညီကြကြောင်း၊ အပြန်အလှန်၏ မတူညီမှုကို အသိအမှတ်ပြု၍ လေးစားခြင်း၊ အပြန်အလှန်နားလည်ပေးခြင်း၊ အပြန်အလှန် လေ့လာသင်ယူခြင်း၊ အကြီးဆုံး ဘုံဆခွဲကိန်းအား ရှာဖွေခြင်း၊ ပူးပေါင်းဆောင်ရွက်မှုစာရင်းအား တိုးချဲ့ခြင်း၊ ကွဲလွဲမှုများအား လျော်ကန်စွာ စီမံထိန်းချုပ်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်တည်ငြိမ်စွာ တိုးတက်စေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

习近平和彭丽媛同美国总统特朗普夫妇茶叙

新华社华盛顿9月25日电(记者韩墨 黄强)当地时间9月25日上午,国家主席习近平和夫人彭丽媛同美国总统特朗普和夫人梅拉尼娅在白宫举行茶叙。两国元首同意进一步丰富中美关系定位的内涵,共同构建“基于尊重、公平、对等的建设性战略稳定关系”。  

习近平指出,这是我时隔11年再次到访华盛顿,对美国进行国事访问。这次访问我们又丰富了中美关系定位的内涵,同意共同构建“基于尊重、公平、对等的建设性战略稳定关系”,经贸领域也取得互惠互利的成果,将受到两国人民和国际社会的欢迎。  

习近平强调,中美关系的前途是光明的,这是历史大势。同时,通往光明的道路往往是曲折的,总会有各种困难和挑战,这也符合事物发展的规律。我愿同特朗普总统一道,以对历史负责的勇气和担当,共同在中美关系发展史上写下浓墨重彩的一笔。  

特朗普表示,习近平主席此次对美国的国事访问是一次富有建设性、非常成功的访问。双方就美中关系和重大国际地区问题深入沟通,取得很多积极成果,对两国都有益。期待同习近平主席继续保持密切沟通,共同引领美中关系发展。  

茶叙之后,习近平和彭丽媛在特朗普和梅拉尼娅陪同下前往美国国家档案馆。两国元首夫妇一同步入档案馆中央大厅,听取对档案馆和主要陈列品的介绍。  

习近平表示,档案承载着先人的智慧,蕴含着对未来的启迪。250年来,美国人民追寻美国梦,在北美大陆上建设了富强国家和美丽家园。中国人民继承中华民族五千年文化传统,在实现中华民族伟大复兴中国梦的新征程上不断取得新成绩。中国和美国是两个各具特色的国家,尽管两国历史文化、社会制度、发展道路不同,但两国人民对美好生活的向往是相通的。承认和尊重彼此的不同,相互理解、相互借鉴,找到最大公约数,拉长合作清单,妥善管控分歧,两国关系就能行稳致远。(完)

图说1:当地时间9月25日上午,国家主席习近平和夫人彭丽媛同美国总统特朗普和夫人梅拉尼娅在白宫举行茶叙。 新华社记者 姚大伟 摄

图说2:茶叙之后,习近平和彭丽媛在特朗普和梅拉尼娅陪同下参观美国国家档案馆。 新华社记者 李响 摄