
ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွက် အထူးစီစဉ်ဆောင်ရွက်မှု အများအပြား ပြုလုပ်ခဲ့ရာ ယင်းမှာ အဆိုပါ ခရီးစဉ်၏ အရေးပါမှုနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်အား လှိုက်လှိုက်လှဲလှဲ အထူးကြိုဆိုခဲ့မှုကို ပေါ်လွင်စေသည်။ အဆိုပါ စီစဉ်ဆောင်ရွက်မှု အချို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
-- ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့အား ထရမ့်နှင့် ဇနီး မယ်လန်နီယာ ထရမ့်တို့က လေယာဉ်ဆင်းသက်ရာ ပြေးလမ်းအထိ လာရောက်၍ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာ အလွန်ရှားပါးသော လေယာဉ်နံဘေးတွင် လာရောက်ကြိုဆိုမှု ဖြစ်သည်။
-- ရှီကျင့်ဖိန် ရောက်ရှိလာချိန်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ကာ ကြိုဆိုခဲ့ပြီး ယင်းမှာ စစ်ဘက်ဆိုင်ရာအရ အမြင့်ဆုံး ဂုဏ်ပြုကြိုဆိုမှုများထဲမှတစ်ခု ဖြစ်ကာ လေဆိပ်၌ ယခုကဲ့သို့ ကြိုဆိုခြင်းမှာ ကြုံတောင့်ကြုံခဲ ဖြစ်သည်။
-- ရှီကျင့်ဖိန်၏ ခရီးစဉ်လာရောက်မှုအား ဂုဏ်ပြုသောအားဖြင့် စစ်ဘက်ဆိုင်ရာ လေယာဉ် ပျံသန်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ကြိမ်မှာ လေဆိပ်၌ ဖြစ်ကာ အခြား တစ်ကြိမ်မှာ အိမ်ဖြူတော်၌ ကျင်းပသော ကြိုဆိုပွဲ အခမ်းအနား၌ ဖြစ်သည်။
-- ဖုန်လိယွမ်သည် မယ်လန်နီယာ ထရမ့်၏ လိုက်ပါပို့ဆောင်မှုဖြင့် အမေရိကန် အာရှအနုပညာ အမျိုးသားပြတိုက်သို့ သွားရောက်ကြည့်ရှုခဲ့သည်။
-- ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် အိမ်ဖြူတော်၌ ထရမ့်နှင့် ဇနီးတို့ တည်ခင်းဧည့်ခံသော နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ ညစာစားပွဲသို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးများ၏ ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
-- ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် အိမ်ဖြူတော်၌ ထရမ့်နှင့် ဇနီးတို့နှင့်အတူ လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးခဲ့ကြသည်။
-- ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် နိုင်ငံတော်ခရီးစဉ် မပြီးဆုံးမီ ထရမ့်နှင့် ဇနီးတို့၏ လိုက်ပါပို့ဆောင်မှုဖြင့် အမေရိကန် အမျိုးသားမော်ကွန်းတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။ (Xinhua)
-------------------
(English Version)
Trump's special arrangements for Xi's U.S. visit
U.S. President Donald Trump has made many special arrangements for Chinese President Xi Jinping's visit, which underscores the significance of the visit and the exceptional welcome extended to the Chinese leader. The following are some of the arrangements:
-- Xi and his wife Peng Liyuan were warmly greeted by Trump and his wife, Melania Trump, at the airport in a rare planeside welcome.
-- A 21-gun salute was fired to welcome Xi upon his arrival, which was among the highest military honors and rarely rendered at an airport.
-- Two military flyovers, one at the airport and the other at the welcome ceremony held at the White House, were conducted in honor of Xi's visit.
-- Peng visited the National Museum of Asian Art accompanied by Melania Trump.
-- Xi and Peng attended a state dinner hosted by Trump and his wife at the White House, with heads from major U.S. tech companies and business leaders in attendance.
-- Xi and Peng had a tea chat with Trump and his wife at the White House.
-- Xi and Peng visited the U.S. National Archives, accompanied by Trump and his wife, before they wrapped up the state visit.
Photo Caption 1 :Chinese President Xi Jinping arrives at Joint Base Andrews on Sept. 23, 2026, for a state visit to the United States at the invitation of U.S. President Donald Trump. Xi and his wife, Peng Liyuan, were warmly greeted by Trump and his wife, Melania Trump, at the airport in a rare planeside welcome. (Xinhua/Liu Bin)
Photo Caption 2 :A gun salute is fired to welcome Chinese President Xi Jinping upon his arrival at Joint Base Andrews for a state visit to the United States at the invitation of U.S. President Donald Trump, Sept. 23, 2026. (Xinhua/Yao Dawei)


960d03691a324546d54661e76dd9cba84138fe0b.article_card.avif)





