တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျီနန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာဖိုရမ်တစ်ခုကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျီနန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာဖိုရမ်တစ်ခုကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မမှန်မကန် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက  တိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အေဂျင်စီတစ်ခုက တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံအတွက် နိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် အဆက်မပြတ် ခြိမ်းခြောက်မှုအရှိဆုံးနှင့် လက်တွေ့လုပ်နိုင်စွမ်းအမြင့်ဆုံး ဆိုက်ဘာခြိမ်းခြောက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည့် သတင်းများနှင့်ပတ်သက်၍ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးမြန်းမှုများအား ကောကျားခွန်းက ယင်းကဲ့သို့ တုံ့ပြန်မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တရုတ်နိုင်ငံဟာ ဟက်ကာတိုက်ခိုက်မှုတွေကို ဥပဒေနဲ့အညီဆန့်ကျင်နေသလို ပြတ်ပြတ်သားသားလည်း တိုက်ဖျက်နေပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မှန်ကန်မှု မရှိတဲ့သတင်းအချက်အလက်တွေ ဖြန့်ဝေတာကိုလည်း ဆန့်ကျင်ပါတယ်" ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံရှိ သက်ဆိုင်ရာ အေဂျင်စီအနေဖြင့်လည်း မှန်ကန်မှုမရှိသည့်သတင်းများ ဖြန့်ဝေခြင်းနှင့် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်စေသည့် မီးလောင်ရာလေပင့်မှုများကို ရပ်တန့်ပြီး နိုင်ငံနှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးပွားလာစေရန်အတွက်သာ ပိုမိုလုပ်ဆောင်သင့်ကြောင်း ကောကျားခွန်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

.............................

(English version)

China urges New Zealand to stop spreading false information about cybersecurity: spokesperson

BEIJING, Sept. 24 (Xinhua)

China has urged New Zealand to stop spreading false information about cyber security related to China, Chinese Foreign Ministry spokesperson Guo Jiakun said on Thursday.

Guo made the remarks at a regular press briefing when asked about reports that New Zealand's cyber security agency had said that China was the country's most persistent and capable state-backed cyber threat.

"China opposes and resolutely fights hacker attacks in accordance with law, and opposes the dissemination of cyber security disinformation for political purposes," Guo said.

China urged the relevant agency in New Zealand to stop spreading lies and stoking discord, and instead do more to foster mutual understanding and trust between the two countries, he said. ■

Photo caption:A forum on cybersecurity technology is held in Jinan, east China's Shandong Province, Sept. 14, 2026. (Xinhua/Zhu Zheng)