ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာတစ်ဝန်း အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည့် သမိုင်းဝင် အခိုက်အတန့်တစ်ခုကို ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ရန် ဒေသစံတော်ချိန် စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် ဝါရှင်တန်မြို့သို့ ရောက်ရှိခဲ့သည်။
ပေကျင်းမှ ဝါရှင်တန်အထိ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ခြောက်လမပြည့်မီ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးဟူသော သင်္ဘောကြီးကို ဦးဆောင်ပဲ့ကိုင်လျက်ရှိသည်။ စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရာ၌ အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး ဟူသည့် သတ်မှတ်ချက်အသစ်က တရုတ်-အမေရိကန် ဆက်ဆံရေး၏ လက်တွေ့အခြေအနေကို ထင်ဟပ်စေသလို အနာဂတ်အပေါ် ထားရှိသည့် မျှော်လင့်ချက်ကိုလည်း ပေါ်လွင်စေရာ နှစ်နိုင်ငံက မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းဆီသို့ လျှောက်လှမ်းရန် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ မိမိတို့အနေဖြင့် ဤမျှော်မှန်းချက်ကို လုပ်ဆောင်မှုအဖြစ် ပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားသော၊ ယှဉ်ပြိုင်မှု အထိုက်အလျောက်ရှိသော၊ ကွဲလွဲမှုများကို ထိန်းချုပ်နိုင်သော၊ ငြိမ်းချမ်းရေးကို မျှော်မှန်းနိုင်သော ဦးတည်ချက်ဆီသို့ ကြိုးပမ်း၍ နိုင်ငံကြီး နှစ်နိုင်ငံ၏ မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းဆီသို့ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
......................................
(Chinese Version)
近镜头|中美建设性战略稳定关系——迈向正确相处之道的重要一步
中美关系迎来举世瞩目的历史性时刻。当地时间9月23日下午,国家主席习近平抵达华盛顿,对美国进行国事访问。
从北京到华盛顿,两国元首时隔不到半年再次会晤,为中美关系这艘大船领航掌舵。当地时间9月24日上午,习近平主席同特朗普总统会谈时指出,中美建设性战略稳定关系的新定位反映了中美关系的现实,也体现了对未来的期许,是迈向两国正确相处之道的重要一步。我们要把这一愿景转化为行动,朝着合作为主、竞争有度、分歧可控、和平可期的方向努力,走出一条两个大国的正确相处之道。








