ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ဇနီး မယ်လန်နီယာသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့အား နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲဖြင့် ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် အိမ်ဖြူတော်၌ တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ညစာစားပွဲတွင် ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား ဂရုစိုက်ပံ့ပိုးပေးကြသည့် အမေရိကန်နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ အားလုံးကို ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားနှင့် ဆောင်းဦးလယ်ပွဲတော်အခါသမယ ဆုမွန်ကောင်းစကားများ ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဆောင်းဦးလယ်ပွဲတော်မတိုင်မီ အမေရိကန် ခရီးစဉ်အတွင်း၌လည်း သမ္မတ ရှီကျင့်ဖိန်က အမေရိကန်ရှိ တရုတ်လူမျိုးအသိုင်းအဝိုင်း ကြိုဆိုဧည့်ခံပွဲတွင် အားလုံး ပျော်ရွှင်ဖွယ် ဆောင်းဦးလယ်ပွဲတော် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။

တောင်တန်းနှင့် မြစ်များ မည်မျှပင်ပိုင်းခြားထားစေကာမူ လမင်းကြီးသည် မိုင်ပေါင်းထောင်ချီသော အရပ်ဒေသများအနှံ့ လင်းလက်တောက်ပလျက်ရှိသည်။ ဆောင်းဦးလယ်ပွဲတော်ကာလ၏ ဖြူစင်ဝင်းပသော လမင်းကြီးသည် မိသားစုပေါင်းများစွာ၏ မီးရောင်များပေါ်သို့ အလင်းရောင်ဖြာကျစေသကဲ့သို့ တောင်တန်းမြစ်ချောင်းများကို ကျော်လွန်ကာ နက်ရှိုင်းသော လွမ်းဆွတ်တမ်းတစိတ်ကိုလည်း နှိုးဆွပေးလျက်ရှိသည်။ (Xinhua)

..................................

(Chinese Version)

近镜头|祝大家中秋快乐、阖家幸福

当地时间9月24日晚,美国总统特朗普和夫人梅拉尼娅为中国国家主席习近平和夫人彭丽媛在白宫举行欢迎国宴。宴会上,习近平主席向所有关心、支持中美关系发展的美国各界人士致以诚挚问候和中秋佳节的良好祝愿。2015年中秋节前,也是访美期间,习近平主席在美国侨界欢迎招待会上祝大家中秋快乐。

江山万重,皓月千里。中秋的皎洁圆月,映照着千家万户的灯火,也牵动着跨越山河的思念。