အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ လွှတ်တော်တွင် အီရတ်နိုင်ငံ ဝန်ကြီးချုပ်သစ် Ali al-Zaidi ကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ လွှတ်တော်တွင် အီရတ်နိုင်ငံ ဝန်ကြီးချုပ်သစ် Ali al-Zaidi ကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ အစိုးရသည် ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်ရှိ အမေရိကန်သံရုံး၏ သံတမန်ရေးရာ ထောက်ပံ့ရေးစင်တာအား လွှဲပြောင်းလက်ခံရန် အမေရိကန် သံရုံးနှင့် စက်တင်ဘာ ၂၄ ရက်က သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် စက်တင်ဘာ ၃၀ ရက် သတ်မှတ်ချက် အချိန်ဇယားအတွင်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့နှင့် အီရတ်နိုင်ငံရှိ နိုင်ငံခြားစစ်ရေးအရ ပါဝင်မှုများအား အဆုံးသတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးစီးရန် အီရတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ ယခုလုပ်ဆောင်ချက်သည် အီရတ်-အမေရိကန် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း အီရတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Bahr al-Uloom က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီးနောက် ထိုထောက်ပံ့ရေးစင်တာသည် မောင်းသူမဲ့လေယဉ်များနှင့် ဒုံးကျည်များဖြင့် မကြာခဏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ယခုနှစ် စက်တင်ဘာ ၃၀ ရက်သည် အမေရိကန် ဦးဆောင်သော ISIS တိုက်ဖျက်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့က အီရတ်နိုင်ငံတွင် စစ်ရေးတာဝန်များ အဆုံးသတ်ပြီး တပ်ဖွဲ့များ ရုပ်သိမ်းရေးအတွက် နောက်ဆုံးကာလဖြစ်ကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် Ali al-Zaidi က ဩဂုတ်လတွင် ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

伊拉克接收位于巴格达机场的美使馆支持中心

新华社巴格达9月24日电(记者李军)伊拉克外交部24日发表声明说,伊拉克政府当天与美国驻伊拉克大使馆签署协议,接收美使馆位于巴格达国际机场的外交支持中心。

声明说,此次移交是伊拉克政府为在今年9月30日预定时间表内完成结束美国主导的国际联盟及外国在伊拉克军事存在的相关程序所作努力的一部分。伊拉克副外长巴赫尔·乌卢姆在签署仪式上表示,此举对加强伊美关系具有重要意义。

美国和以色列2月28日对伊朗发动军事行动以来,这一支持中心频繁遭无人机和火箭弹袭击。

伊拉克总理扎伊迪8月重申,今年9月30日是美国主导的打击“伊斯兰国”国际联盟部队结束在伊军事任务并完成撤军的最终期限。

Photo Caption:Photo taken on May 14, 2026 shows Iraq's new Prime Minister Ali al-Zaidi at the parliament in Baghdad, Iraq. (Xinhua/Khalil Dawood)