ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ လေဆိပ်သို့ သွားရောက်သည့် လမ်းခရီးတစ်လျှောက်တွင် တရုတ်လူမျိုးနှင့် တရုတ်နွယ်ဖွားများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက လမ်းတစ်ဖက်တစ်ချက်စီ၌ စုစည်းကာ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ နိုင်ငံတော်အလံများကို ဝှေ့ယမ်းလျက် ရှီကျင့်ဖိန် ခရီးစဉ် အောင်မြင်စွာပြီးဆုံးမှုကို ဂုဏ်ပြုခဲ့ကြသည်။

ရှီက ဝါရှင်တန်မှ ထွက်ခွာသွားချိန်တွင် လေဆိပ်၌ ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိများက လေဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရသည်။  (Xinhua)

---------------------

(Chinese Version)

现场视频 l 习近平圆满结束对美国的国事访问