
လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် အာကာသအေဂျင်စီ NASA နှင့် SpaceX ကုမ္မဏီတို့သည် Crew-13 မစ်ရှင်ကို နိုင်ငံတကာ အာကာသစခန်းသို့ အစောဆုံးအနေဖြင့် အောက်တိုဘာ ၁ ရက်တွင် လွှတ်တင်ရန် ရည်ရွယ်ထားကြောင်း NASA က စက်တင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ပြောကြားခဲ့သည်။
Crew-13 အာကာသယာဉ်ကို SpaceX ၏ Dragon လွှတ်တင်ယာဉ်နှင့် Falcon 9 ဒုံးကျည်တို့ကို အသုံးပြုပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral အာကာသစခန်းမှ လွှတ်တင်ရန် စီစဉ်ထားသည်ဟု NASA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာကာသယာဉ်မှူးများသည် လွှတ်တင်ပြီး ကိုးနာရီအတွင်း နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
NASA အာကာသယာဉ်မှူးများဖြစ်သည့် Jessica Watkins နှင့် Luke Delaney တို့သည် အာကာသယာဉ်ကွပ်ကဲရေးမှူးနှင့် ယာဥ်မောင်းနှင်သူအဖြစ် အသီးသီး တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။ ကနေဒါအာကာသအေဂျင်စီမှ အာကာသယာဉ်မှူး Joshua Kutryk နှင့် ရုရှားအာကာသယာဉ်မှူး Sergey Teteryatnikov တို့က အာကာသယာဉ်၏ ကျွမ်းကျင်သူများအဖြစ် တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။
Crew-13 လွှတ်တင်မှုသည် SpaceX ၏ လူသားများအား အာကာသသို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်မှု၏ ၁၃ ကြိမ်မြောက် သယ်ယူပို့ဆောင်ခြင်းအစီအစဥ်ဖြစ်သလို NASA ၏ အာကာသသို့ ပို့ဆောင်ခြင်း စီးပွားရေးလုပ်ငန်း၏ ၁၄ ကြိမ်မြောက် လူလိုက်ပါနိုင်သည့် အာကာသခရီးစဉ်လည်းဖြစ်သည်။ (Xinhua)

.........................
(English Version)
NASA, SpaceX target Oct. 1 for Crew-13 launch to space station
LOS ANGELES, Sept. 23 (Xinhua) -- NASA and SpaceX are targeting Oct. 1 as the earliest launch opportunity for the Crew-13 mission to the International Space Station, NASA said Tuesday.
SpaceX's Dragon spacecraft and Falcon 9 rocket are scheduled to lift off from Cape Canaveral Space Force Station in Florida, according to NASA. The crew is expected to reach the space station in less than nine hours after launch.
NASA astronauts Jessica Watkins and Luke Delaney will serve as spacecraft commander and pilot, respectively. Canadian Space Agency astronaut Joshua Kutryk and Roscosmos cosmonaut Sergey Teteryatnikov will serve as mission specialists.
Crew-13 is the 13th crew rotation mission of SpaceX's human space transportation system and the company's 14th crewed flight to the space station through NASA's Commercial Crew Program.
Photo caption-1- A SpaceX Falcon 9 rocket carrying Crew Dragon Endurance spacecraft is launched on NASA's SpaceX Crew-5 mission to the International Space Station at NASA's Kennedy Space Center in Florida, the United States, on Oct. 5, 2022. (Joel Kowsky/NASA/Handout via Xinhua)
Photo Caption-2- A SpaceX Falcon 9 rocket carrying Crew Dragon Endurance spacecraft is launched on NASA's SpaceX Crew-5 mission to the International Space Station at NASA's Kennedy Space Center in Florida, the United States, on Oct. 5, 2022. (Joel Kowsky/NASA/Handout via Xinhua)








