
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုအောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ စက်တင်ဘာ ၂၄ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ရာ ဘုံသဘောတူညီမှုသစ် အများအပြား ရရှိခဲ့ကြပြီး ကမ္ဘာ့အရေးအပါဆုံးဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုအသစ်များဖြင့် ပံ့ပိုးပေးခဲ့ကြသည်။
အဆိုပါ ဘုံသဘောတူညီမှုများသည် မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိ၍ အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ရေး မျှော်မှန်းချက်ကို ပိုမိုအားကောင်းစေခဲ့သလို သမ္မတရှီကလည်း ထိုမျှော်မှန်းချက်များကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲရန်နှင့် အင်အားကြီးနှစ်နိုင်ငံ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေကြရန် နှစ်ဖက်စလုံးအား တိုက်တွန်းခြင်းဖြင့် မြှင့်တင်အားပေးခဲ့သည်။
ယင်းသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အတွက် ပူးပေါင်းဆောင်ရွက်မှုကို အဓိကမဏ္ဍိုင်အဖြစ် ထားရှိခြင်း၊ သင့်တင့်မျှတစွာ ယှဉ်ပြိုင်ခြင်း၊ သဘောထားကွဲလွဲမှုများကို စီမံထိန်းချုပ်နိုင်ခြင်းနှင့် ငြိမ်းချမ်းရေး ကတိကဝတ်များ ပါဝင်သည့် လမ်းကြောင်းဆီသို့ ရှေးရှုလုပ်ဆောင်နေသော အနက်အဓိပ္ပာယ်ဖြစ်ပေသည်။
ထိုကဲ့သို့ လုပ်ဆောင်ရန် လုံလောက်သော အကြောင်းရင်းများ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ အကျိုးစီးပွားများသည် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကာ ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် ကျယ်ပြန့်သော အခန်းကဏ္ဍများစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းမှု အောင်မြင်စွာဖော်ဆောင်ခြင်းနှင့် အမေရိကန်ကို ပြန်လည်ကြီးမြတ်လာအောင် လုပ်ဆောင်ခြင်းတို့ကိုလည်း အတူလက်တွဲ လုပ်ဆောင်နိုင်ခြင်းကြောင့်ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်သည်။
https://english.news.cn/20260925/1568d513bbc347f784472f8646194f5e/c.html

..................................
(English Version)
Xinhua Commentary: Turning vision into action for China-U.S. constructive strategic stability
WASHINGTON, Sept. 25 (Xinhua) -- As Chinese President Xi Jinping and his U.S. counterpart, Donald Trump, met on Thursday at the White House under global gaze, they reached many new common understandings, providing fresh strategic guidance for the world's most important bilateral relationship.
While those common understandings have further enriched the vision of building a constructive China-U.S. relationship of strategic stability, Xi went further by urging the two sides to translate that vision into action and find the right way for the two major countries to get along.
For China and the United States, that means working toward a direction featuring cooperation as the mainstay, moderate competition, manageable differences, and promises of peace.
There is ample reason to do so. The interests of China and the United States are deeply intertwined, and there is plenty of room for them to work together. Also, achieving the great rejuvenation of the Chinese nation and making America great again can go hand in hand.
https://english.news.cn/20260925/1568d513bbc347f784472f8646194f5e/c.html
Photo caption 1: Chinese President Xi Jinping holds small-group exchanges with U.S. President Donald Trump in the Oval Office after a welcome ceremony at the White House in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Xie Huanchi)
Photo caption 2: U.S. President Donald Trump holds a welcome ceremony for Chinese President Xi Jinping, who is on a state visit to the United States, at the White House in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Yin Bogu)


960d03691a324546d54661e76dd9cba84138fe0b.article_card.avif)





