တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကျင်းပပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကျင်းပပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် အပြုသဘောဆောင်သော ဆက်ဆံရေး မျှော်မှန်းချက်အသစ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်မှုအဖြစ် အသွင်ပြောင်းလဲရန်နှင့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအနေဖြင့် အချင်းချင်း သင့်မြတ်စွာ ယှဉ်တွဲနေထိုင်ရန် မှန်ကန်သောနည်းလမ်းကို ရှာဖွေရန် စက်တင်ဘာ ၂၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်၌တွေ့ဆုံစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင်များအကြား ခြောက်လမပြည့်မီကာလအတွင်း အပြန်အလှန် ခရီးစဉ်များသွားရောက်ခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးသမိုင်းကြောင်းတွင် ယခင်ကမကြုံတွေ့ဖူးသည့်  ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260925/372aaa5bab3f4ca6b06dd399c09113db/c.html

........................

(English Version)

Xi calls for translating new vision of China-U.S. relationship into action

WASHINGTON, Sept. 24 (Xinhua) -- Chinese President Xi Jinping on Thursday called for translating the new vision of a constructive China-U.S. relationship of strategic stability into action and finding the right way for the two major countries to get along with each other.

Xi made the remarks when meeting with U.S. President Donald Trump at the White House.

Xi pointed out that the exchange of visits between the heads of state of China and the United States in less than half a year is unprecedented in the history of China-U.S. ties.

https://english.news.cn/20260925/372aaa5bab3f4ca6b06dd399c09113db/c.html

Photo caption: Chinese President Xi Jinping addresses a welcome ceremony held by U.S. President Donald Trump at the White House in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Li Xiang)