
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် ရေကူးအားကစားမယ် ယွီကျစ်သီ သည် စက်တင်ဘာ ၂၃ ရက်တွင် အိုင်ချိ-နာဂိုယာအာရှအားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၄၀၀ တစ်ဦးချင်းပုံစံစုံ ပြိုင်ပွဲ၌ ၄ မိနစ် ၂၈.၅၆ စက္ကန့်ဖြင့် ပထမရရှိကာ ၎င်း၏ တတိယမြောက်ရွှေတံဆိပ်ကို ရယူနိုင်ခဲ့သည်။
အဆိုပါ လူငယ်အားကစားသမားသည် ပြိုင်ပွဲစတင်သည့်ပထမအဆင့်ကတည်းက ဦးဆောင်ကာ အသာစီးရမှုကို တဖြည်းဖြည်း တိုးမြှင့်ပြီး အသင်းဖော် ခဲဝန်ရှီး ထက် ၃.၉၅ စက္ကန့် စော၍ ပန်းဝင်ခဲ့သည်။ ခဲဝန်ရှီး သည်လည်း ၄ မိနစ် ၃၂.၅၁ စက္ကန့်ဖြင့် ငွေတံဆိပ်ရရှိခဲ့သလို ဂျပန်နိုင်ငံမှ Mio Narita ကမူ ၄ မိနစ် ၃၃.၄၅ စက္ကန့်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။
ယွီ သည် ယခုပြိုင်ပွဲမတိုင်မီ အမျိုးသမီး မီတာ ၂၀၀ လိပ်ပြာကူးပြိုင်ပွဲနှင့် မီတာ ၂၀၀ တစ်ဦးချင်း ပုံစံစုံ ပြိုင်ပွဲတို့တွင်လည်း ရွှေတံဆိပ်များ ရရှိထားသောကြောင့် Tokyo Aquatics Center ၌ ယှဉ်ပြိုင်ခဲ့သည့် တစ်ဦးချင်းပြိုင်ပွဲများအားလုံးတွင် ရွှေတံဆိပ် ၃ ခု ဆွတ်ခူးနိုင်ပြီဖြစ်သည်။ ၎င်းသည် စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၂၀၀ တစ်ဦးချင်းပုံစံစုံပြိုင်ပွဲတွင် ၂ မိနစ် ၀၆.၁၀ စက္ကန့်ဖြင့် အာရှစံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
China's 13-year-old Yu Zidi claims 3rd swimming gold at Asian Games
TOKYO, Sept. 23 (Xinhua) -- China's 13-year-old Yu Zidi claimed her third gold medal of the Aichi-Nagoya Asian Games on Wednesday by winning the women's 400m individual medley in 4 minutes 28.56 seconds.
The teen took control of the race from the opening leg and steadily extended her advantage, touching the wall 3.95 seconds ahead of teammate Ke Wenxi, who took silver in 4:32.51. Japan's Mio Narita claimed bronze in 4:33.45.
By winning the women's 200m butterfly and 200m individual medley earlier in the Games, Yu completed her individual events in Tokyo Aquatics Center with three gold medals. She won the 200m individual medley in an Asian record time of 2:06.10 on Monday.
Photo caption: China's Yu Zidi poses after winning the women's 400m individual medley final at the 2026 Asian Games in Tokyo, Japan, Sept. 23, 2026. (Xinhua/Wu Zhizun)








