၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပရာ  ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ရာမန် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပရာ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ရာမန် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပုံမှန်အချေအတင်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ စတင်ကျင်းပခဲ့သည်။ ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရာမန်က အဖွင့်အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂအနေဖြင့် မိမိ၏လိုအပ်ချက်များကို တည့်မတ်စွာရှုမြင်ရန်၊ နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေး ဆောင်ရွက်ရန်နှင့် ကုလသမဂ္ဂ၏ လုပ်ငန်းများကို ပို၍ အားလုံးပါဝင်နိုင်စေခြင်းမှတစ်ဆင့် ယုံကြည်မှု ပြန်လည်ရရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။   

ရာမန်က ကုလသမဂ္ဂအနေဖြင့် ယုံကြည်မှုရရှိလိုပါက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်နိုင်မှု စသည့် အခြေခံမူများကို ရွေးချယ်ကျင့်သုံးမှုအသွင်ပြု၍မရကြောင်း ထောက်ပြပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖွင့်ပွဲအခမ်းအနားမတိုင်မီ မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာကြီးသည် ဗဟုအသွင်ဆီသို့ လျှောက်လှမ်းနေရာ ယင်းလမ်းကြောင်းမှာ ပြောင်းပြန်လှန်၍ မရနိုင်ကြောင်း၊ ဗဟုအသွင်ပြောင်းမှုတွင် ပုံစံအမျိုးမျိုးရှိကြောင်း ပြောကြားခဲ့သည်။

တစ်မျိုးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားခြင်းနှင့် အပေးအယူဝါဒဖြင့်သာ ဆက်ဆံသော ဗဟုအသွင်ပြောင်းခြင်း ဖြစ်ရာ တင်းမာမှုများ တိုးမြင့်လာခြင်း၊ မယုံကြည်မှုများ တိုးပွားလာခြင်း၊ ဈေးကွက်များ ပြိုကွဲခြင်း၊ အဖွဲ့အစည်းများ အားနည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ကျဆင်းခြင်းနှင့် အကျိုးအမြတ်တစ်ဖက်သတ်တွက်ချက်ခြင်း ပုံစံမျိုးဖြစ်ကြောင်း၊ အတိုင်းအတာတစ်ခုအားဖြင့် ဆိုရသော် ကမ္ဘာကြီးသည် ဤပုံစံမျိုးရှိသော ဗဟုအသွင်ပြောင်းမှုဆီသို့ ဦးတည်ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်တစ်မျိုးမှာမူ ကွန်ရက်ပမာ ဗဟုအသွင်ပြောင်းခြင်းဖြစ်ရာ နိုင်ငံအသီးသီးသည် အပြန်အလှန်မှီခိုတည်ရှိနေကာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် နည်းပညာတို့ နီးကပ်စွာချိတ်ဆက်လျက်ရှိပြီး တူညီသော နိုင်ငံတကာဥပဒေနှင့် တန်ဖိုးအမြင်များ၏ မူဘောင်အောက်၌ ဘက်ပေါင်းစုံ၏ သက်ရောက်မှုဗဟိုချက်များ  အတူယှဉ်တွဲတည်ရှိနေခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့သော ဗဟုအသွင်ပြောင်းခြင်းသည် ကမ္ဘာကြီးက ထိပ်တိုက်ရင်ဆိုင်မှုဖြစ်စေသည့် အုပ်စုနှစ်စုအဖြစ် ကွဲပြားသွားခြင်းကို ရှောင်ရှားနိုင်ပြီး သီးခြားစီးပွားရေး၊ နည်းပညာနှင့် လုံခြုံရေးစနစ်များ ဖြစ်ပေါ်လာခြင်းကို ရှောင်ကြဉ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂ အထွေထွေညီလာခံသည် ကုလသမဂ္ဂ၏ အဓိကဆွေးနွေးသုံးသပ်ရေး၊ ကြီးကြပ်စစ်ဆေးရေးနှင့် စိစစ်သုံးသပ်ရေး အဖွဲ့အစည်းဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးဖြင့် ဖွဲ့စည်းထားသည်။ ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ "ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း၊ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်း - အားလုံးအတွက် လက်တွေ့ထိရောက်သောရလဒ်များ ဆောင်ကြဉ်းပေးသော ကုလသမဂ္ဂ" ဖြစ်သည်။ (Xinhua)

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပရာ  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

第81届联大主席:联合国须深化改革以重新赢得信任

新华社联合国9月22日电(记者尚绪谦)第81届联合国大会一般性辩论22日在纽约联合国总部开幕。本届联大主席、孟加拉国外长拉赫曼在开幕会讲话中强调,联合国必须正视自身不足,推进深层次改革,使联合国的工作更具包容性,从而重新赢得信任。   

拉赫曼在讲话中指出,如果联合国希望获得信任,多边主义、国际法、国际人道法、对平民的保护和人道准入等原则不可以选择性适用。   

联合国秘书长古特雷斯在开幕前的致辞中称,世界正在走向多极化,这一趋势不可逆转,多极化有不同呈现形式。一种是碎片化和交易主义的多极化:紧张关系加剧、不信任增加;市场破裂、机构脆弱;合作萎缩、零和算计。在某种程度上,世界正在朝这一形式的多极化发展。而另一种则是网络化的多极化:各国相互依存,经济、政治、社会和技术紧密相连,在共同的国际法和价值观架构下多个影响力中心共存。这样的多极化可以避免世界分裂为两个对抗阵营,形成彼此分立的经济、技术和安全体系。   

联合国大会是联合国主要的审议、监督和审查机构,由联合国全体会员国共同组成。本届联大主题是“重建信任,管理变革:一个为所有人带来实效的联合国”。(完)

图说1: 9月22日,在位于纽约的联合国总部,第81届联合国大会主席拉赫曼在一般性辩论开幕式上讲话。 第81届联合国大会一般性辩论22日在纽约联合国总部开幕。 新华社记者 吴晓凌 摄

图说2:9月22日,在位于纽约的联合国总部,联合国秘书长古特雷斯在第81届联合国大会一般性辩论开幕式上致辞。 第81届联合国大会一般性辩论22日在纽约联合国总部开幕。 新华社记者 张凤国