တရုတ်နိုင်ငံ နင်းရှဒေသ ဝူကျုံးမြို့ရှိ နံနက်ခင်း လက်ဖက်ရည်ကြမ်းဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းက ဟင်းလျာများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ နင်းရှဒေသ ဝူကျုံးမြို့ရှိ နံနက်ခင်း လက်ဖက်ရည်ကြမ်းဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းက ဟင်းလျာများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူကျုံး (နင်းရှ)၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းရှဒေသ ဝူကျုံးမြို့သည် မြစ်ဝါမြစ်ကမ်းနံဘေး၌ တည်ရှိသည်။ အဆိုပါမြို့သည် ရှေးယခင်ကတည်းက ရှေးဟောင်းပိုးလမ်းမကြီးထက်တွင် စီးပွားရေးကုန်သွယ်ရေး အချက်အချာမြို့ဖြစ်ခဲ့ပြီး “ကုန်းလမ်းနှင့် ရေကြောင်းလမ်း ပို့ဆောင်ရေးဆုံချက်၊ ကုန်သည်များစုဝေးရာ” ဟု တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသည်။ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ ကုန်သည်များစွာ အဆက်မပြတ် လာရောက်မှုကြောင့် ဝူကျုံးမြို့တွင် နံနက်ခင်း လက်ဖက်ရည်ကြမ်းဓလေ့အသွင် ပုံပေါ်လာစေခဲ့သည်။

ဝူကျုံးမြို့သည် နံနက်ခင်းလက်ဖက်ရည်ကြမ်းလုပ်ငန်းကို ဒေသတွင်း အဓိကအားသာချက်ရှိသော လုပ်ငန်းစာရင်းတွင် ထည့်သွင်းခဲ့ပြီး အခြေခံခိုင်မြဲစေခြင်း၊ အမှတ်တံဆိပ် ပျိုးထောင်ခြင်း၊ ပေါင်းစည်းမှုကို မြှင့်တင်ခြင်းတို့တွင် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့် နံနက်ခင်း လက်ဖက်ရည်ကြမ်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေး ဖော်ဆောင်ခဲ့သည်။

ဒေသတွင်း၌ နံနက်ခင်း လက်ဖက်ရည်ကြမ်းဆိုင်များသည် ၂၀၀၀ ပြည့်နှစ်တွင် ဆိုင်ပေါင်းဒါဇင်နှင့်ချီရှိရာမှ ၂၀၂၆ ခုနှစ်တွင် ဆိုင်ပေါင်း ၈၀၀ ကျော်အထိ တိုးပွားလာပြီး တစ်နှစ်တာလုပ်ငန်းလည်ပတ်မှုဝင်ငွေမှာမူ  ယွမ် ၁.၈ ဘီလီယံ ရရှိခဲ့ကာ တိုက်ရိုက်လုပ်ငန်းခွင်ဝင်မှု ဝန်ထမ်း ၂၀,၀၀၀ ရှိလာရာ ဆိုင်ခွဲများစွာ ဖွင့်လှစ်လည်ပတ်သော နံနက်ခင်းလက်ဖက်ရည်ကြမ်း အမှတ်တံဆိပ်တစ်သုတ် ပေါ်ထွန်းလာခဲ့သည်။

“ဝူကျုံး နံနက်ခင်း လက်ဖက်ရည်ကြမ်း” သည် ဒေသတွင်း မြို့ပြနာမည်ကတ်အသစ်နှင့် ယဉ်ကျေးမှုအမှတ်သင်္ကေတ ဖြစ်လာခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ်မှစ၍ ဝူကျုံးမြို့သည် နံနက်ခင်း လက်ဖက်ရည်ကြမ်း ရသာမွန်စားဖွယ်စုံ ယဉ်ကျေးမှုပွဲတော်ကို ၆ ကြိမ်ဆက်တိုက် ကျင်းပခဲ့ပြီးဖြစ်ရာ ခရီးသွားဧည့်သည်အကြိမ်ရေ စုစုပေါင်း ၁၃.၃၇၂၂၅ သန်း လာရောက်ရန် ဆွဲဆောင်ခဲ့သလို ယွမ် ၃.၅၄၂ ဘီလီယံ စားသုံးမှုကိုလည်း ဖော်ဆောင်ခဲ့သဖြင့် ဝူကျုံးမြို့၏ စီးပွားရေးတိုးတက်မှု အချက်အသစ်လည်း ဖြစ်လာခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

活力中国调研行|宁夏吴忠:早茶飘香 活力升腾

新华社照片,吴忠(宁夏),2026年9月22日

吴忠市位于黄河之滨,自古就是古丝绸之路上的商埠重镇,有“水旱码头,天下大集”之称。南来北往的客商络绎不绝,孕育出吴忠的早茶气象。

吴忠市将早茶产业列入当地重点优势产业,在夯基础、育品牌、促融合上下功夫,持续推动早茶产业高质量发展。当地早茶店从2000年的几十家发展到2026年的800多家,年营业收入达18亿元,直接从业人员达2万多人,涌现出一批连锁经营早茶品牌。“吴忠早茶”已成为当地新的城市名片和文化符号。

从2021年开始,吴忠市连续成功举办了六届早茶美食文化节,累计吸引客流量1337.22万人次,带动消费达35.42亿元,成为吴忠新的经济增长点。

图说1:9月21日,宁夏吴忠市一家早茶店工作人员在摆放菜品。 新华社记者 刘海 摄

图说2:这是9月21日在宁夏吴忠市一家早茶店拍摄的部分小吃和面点。新华社记者 刘海 摄