
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပမှုကို ဂုဏ်ပြုကြောင်း၊ ယခင်အတိုင်း တရုတ်-ရုရှားဆက်ဆံရေး အဆင့်သစ်ဆီသို့ အဆက်မပြတ် တက်လှမ်းမှုကို တွန်းအားပေးရန်၊ အောင်မြင်မှုအသစ်များ ရရှိရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရုရှားနိုင်ငံတွင် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ဒူးမားလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ကနဦးမဲရေတွက်မှု ရလဒ်အရ ယူနိုက်တက်ရုရှားပါတီသည် ရှေ့ဆောင်နေရာ၌ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုပြောလိုပါသနည်းဟု မေးမြန်းခဲ့သည်။
“ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့တဲ့အတွက် တရုတ်နိုင်ငံက ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်” ဟု ကောကျားခွန်းက ဆိုခဲ့ပြီး ဒူးမားလွှတ်တော် ရွေးကောက်ပွဲသည် ရုရှားနိုင်ငံ ပြည်တွင်း၌ အရေးကြီးနိုင်ငံရေးဖြစ်စဉ်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်သည် ရုရှားပြည်သူများ၏ ဆန္ဒကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံသည် ရုရှားပြည်သူများက မိမိကိုယ်တိုင်လုပ်ဆောင်ထားသော ရွေးချယ်မှုကို အခိုင်အမာ ထောက်ခံအားပေးကြောင်း၊ မပြောင်းမလဲဘဲ ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့် အရေးကြီးသဘောတူညီချက်များကို သေချာကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး တရုတ်-ရုရှားဆက်ဆံရေး အဆင့်သစ်ဆီသို့ အဆက်မပြတ်တက်လှမ်းရန်၊ အောင်မြင်မှုအသစ်များ ရရှိရန် တွန်းအားပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:中方祝贺俄罗斯国家杜马选举成功举行
新华社北京9月21日电(记者温馨、万倩仪)外交部发言人郭嘉昆21日表示,中方祝贺俄罗斯国家杜马选举成功举行,愿一如既往推动中俄关系不断迈上新台阶、取得新成就。 当日例行记者会上,有记者问:俄罗斯于9月18日至20日举行国家杜马选举。根据初步计票结果,统一俄罗斯党处于领先地位,中方对此有何评论?
“俄罗斯国家杜马选举成功举行,中方对此表示祝贺。”郭嘉昆说,国家杜马选举是俄罗斯国内重要政治议程,选举结果体现了俄罗斯人民的意愿。作为友好邻邦和新时代全面战略协作伙伴,中方坚定支持俄罗斯人民自主作出的选择,愿一如既往同俄方认真落实好两国元首达成的重要共识,推动中俄关系不断迈上新台阶、取得新成就。(完)
图说:9月21日,在俄罗斯首都莫斯科,俄罗斯中央选举委员会举行新闻发布会。新华社记者 冯开华 摄








