
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က အင်ဒိုနီးရှားနိုင်ငံ ပြည်သူ့အတိုင်ပင်ခံ လွှတ်တော် ဥက္ကဋ္ဌ Muzani နှင့် စက်တင်ဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဝမ်ဟုနင်က လွန်ခဲ့သောနှစ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပရာဘိုဝိုတို့ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပြီး တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုအသစ်များ ချမှတ်ပေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ နိုင်ငံစီမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အဆင့်သစ်တစ်ခုသို့ စဉ်ဆက်မပြတ် တိုးမြှင့်ရောက်ရှိစေရေး တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီအနေဖြင့် အင်ဒိုနီးရှား ပြည်သူ့အတိုင်ပင်ခံညီလာခံနှင့် ကူးလူးဆက်ဆံခြင်းနှင့် အပြန်အလှန် လေ့လာသင်ယူခြင်းတို့ကို အားကောင်းစေကာ နှစ်နိုင်ငံ ခေတ်မီအသွင်ပြောင်းရေး လုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေးအတွက် ပိုမိုကြီးမားသော အကျိုးသယ်ပိုးမှုများ ပြုလုပ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Muzani က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို အထူးချီးကျူးကြောင်း၊ တရုတ်နိုင်ငံကို စံနမူနာအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လက်ကိုင်ကျင့်သုံးပြီး တရုတ်နိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားရန် ဆန္ဒရှိကြောင်း၊ အင်ဒိုနီးရှား ပြည်သူ့အတိုင်ပင်ခံလွှတ်တော်အနေဖြင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်နှင့် ကူးလူးဆက်ဆံရေးကို အားကောင်းစေပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။
ဝမ်ယုံ၊ ဝမ်တုန်းဖုန်း စသည့်ပုဂ္ဂိုလ်များလည်း ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
------------------
(Chinese Version)
王沪宁会见印度尼西亚人民协商会议主席穆扎尼
新华社北京9月21日电 全国政协主席王沪宁21日在京会见印度尼西亚人民协商会议主席穆扎尼。
王沪宁表示,去年习近平主席同普拉博沃总统亲切会晤,为中印尼命运共同体建设作出新的战略指引。中方愿同印尼共同落实两国元首重要共识,深化全方位战略合作,加强治国理政经验交流,推动中印尼命运共同体建设不断迈上新台阶。中国全国政协愿同印尼人协加强交流沟通和互学互鉴,为推进两国现代化事业和双边关系作出更大贡献。
穆扎尼表示,印尼高度赞赏中国经济社会发展取得的成就,视中国为学习的榜样。印尼坚定奉行一个中国政策,愿与中方深化各领域务实合作,更好造福两国人民。印尼人协愿加强同中国全国政协交流交往,进一步推动两国关系深入发展。
王勇、王东峰等参加会见。
图说 :9月21日,全国政协主席王沪宁在北京会见印度尼西亚人民协商会议主席穆扎尼。新华社记者 张领 摄








