ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မကြာမီကျရောက်တော့မည့် ဆောင်းဦးလယ် လမုန့်ပွဲတော်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့ ကြီးမှူးကျင်းပပြီး Time City၊ Bowen School၊ ကူမင်းမြို့ တိုင်းရင်းသားရိုးရာဖျော်ဖြေရေးဇာတ်ရုံတို့ ပူးပေါင်းပါဝင်သည့် သက်တံရောင်စဉ် ၇ သွယ် ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအလှများ စုံလင်စွာပါဝင်သည့် "လဝန်းထိန်သာ ဆွေရင်းမဟာ၊ ဂီတ သံပြိုင် စိတ်နှလုံးမြိုင်" ဆောင်းဦးလယ်လမုန့်ပွဲတော် အနုပညာဖျော်ဖြေပွဲကို စက်တင်ဘာ ၂၁ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ (Xinhua)








