
နယူးယောက်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးသည် လူအများစု ခန့်မှန်းထားသည်ထက် ပိုမိုခံနိုင်ရည်ရှိသော်လည်း စွဲမြဲနေသော ငွေကြေးဖောင်းပွမှု၊ ကြွေးမြီပြန်ဆပ်သည့်စရိတ် မြင့်မားလာမှုနှင့် ဉာဏ်ရည်တု (AI) ရင်းနှီးမြှုပ်နှံမှု အလွန်အကျွံခေတ်စားနေခြင်း စသည်တို့ကြောင့် သယ်ဆောင်လာသည့် အန္တရာယ်များနှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဒါရိုက်တာ Kristalina Georgieva က စက်တင်ဘာ ၂၀ ရက်တွင် နယူးယောက်မြို့၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။
Kristalina Georgieva က လက်ရှိ ငွေကြေးဖောင်းပွမှု ပြဿနာမှာ စွဲမြဲနေပြီး အချိန်တိုအတွင်း အလျင်အမြန် ဖြေရှင်းနိုင်ရန် လွယ်ကူမည်မဟုတ်ဟု ခန့်မှန်းရကြောင်း၊ ယင်းမှာ ဗဟိုဘဏ်အများအပြားအနေဖြင့် အတိုးနှုန်းကို မဖြစ်မနေ ဆက်လက်တိုးမြှင့်ရမည့် အခြေအနေ ရှိလာနိုင်ပြီး အတိုးနှုန်းမြှင့်တင်ခြင်းက ကြွေးမြီပြန်ဆပ်သည့်စရိတ်များကို ပိုမိုမြင့်တက်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ IMF အနေဖြင့် နိုင်ငံများအား ဘဏ္ဍာရေးကို စနစ်တကျ စီမံကြရန် ထိုမတိုင်မီက တိုက်တွန်းခဲ့သော်လည်း လက်ရှိကြည့်မည်ဆိုလျှင် ဆောင်ရွက်ချက်များမှာ လုံလောက်မှု မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံနှင့် ဒေသအများအပြားတွင် ဉာဏ်ရည်တု (AI) ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ ရှိနေကြောင်း၊ ဉာဏ်ရည်တု (AI) ရင်းနှီးမြှုပ်နှံမှုများတွင် ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေ၊ ဆပ်ငွေဖြင့် လည်ပတ်ရင်းနှီးမှု အများအပြားပါဝင်နေရာ စျေးကွက်မျှော်လင့်ချက်များ ပျက်ပြားသွားခြင်း၊ ဉာဏ်ရည်တု (AI) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် လူအများကစိတ်ပျက်ခြင်း ဖြစ်ပေါ်လာပါက စနစ်အသွင် ရိုက်ခံမှုများ သယ်ဆောင်လာနိုင်ခြေ ရှိကြောင်း Kristalina Georgieva က ဆိုသည်။
လက်ရှိ ဉာဏ်ရည်တု (AI) ငွေကြေးရင်းနှီးမြှုပ်နှံမှုကဏ္ဍ၏ အန္တရာယ်များသည် အဓိကအားဖြင့် အမေရိကန်နိုင်ငံတွင် စုဝေးနေသော်လည်း နိုင်ငံများစွာသည်လည်း ဉာဏ်ရည်တု (AI) လုပ်ငန်းကွင်းဆက်အတွင်း၌ ရှိနေကြသဖြင့် အလားတူ အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်ဟု ၎င်းက ယူဆသည်။
"အန္တရာယ်တွေက အမြင့်ဆုံးအဆင့်မှာ ရှိနေပြီး မသေချာမရေရာမှုတွေက ပုံမှန်အနေအထားအသစ်တစ်ခု ဖြစ်လာပါတယ်" ဟု Kristalina Georgieva က ပြောကြားခဲ့သည်။ IMF အနေဖြင့် အောက်တိုဘာလတွင် ထုတ်ပြန်ရန် သတ်မှတ်ထားသည့် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် နောက်ဆုံးအစီရင်ခံစာတွင် အန္တရာယ်များသည် မြင့်မားနေဆဲဖြစ်သည့် အဖြစ်မှန်ကို ထင်ဟပ်အောင် ဖော်ပြသွားမည်ဖြစ်ကြောင်း ၊ စိန်ခေါ်မှုအထပ်ထပ်နှင့် ရင်ဆိုင်နေရချိန်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းခန့်တွင် ထိန်းထားနိုင်ခြင်းသည်ပင်လျှင် "ကြီးမားသော အောင်မြင်မှုတစ်ခု" ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
-----------------------------
(Chinese Version)
IMF总裁:世界经济面临多重风险
国际货币基金组织(IMF)总裁格奥尔基耶娃20日在纽约举行的一场会议上表示,世界经济尽管比很多人所预想的更具韧性,但仍然面临顽固通胀、偿债成本升高和人工智能投资过热等带来的风险。
格奥尔基耶娃说,当前通胀问题表现顽固,预计难以很快得到解决,这意味着很多央行将不得不加息,而加息将导致偿债成本升高。IMF此前已敦促各国整顿财政,但目前看行动不够有力。
格奥尔基耶娃表示,许多国家和地区的人工智能投资存在潜在风险。人工智能投资中有大量杠杆和循环融资,一旦市场预期落空、人们对人工智能的发展感到失望,可能带来系统性冲击。她认为,当前人工智能融资方面的风险主要集中在美国,但很多国家也处于人工智能产业链中,同样面临风险。
“风险处于高位,不确定性是新的常态。”格奥尔基耶娃说,IMF定于10月发布的最新世界经济展望报告将反映风险依然处于高位的事实。面临多重风险,世界经济增速维持在3%左右“将是一个巨大成就”。(完)
图说:9月20日,在美国纽约,格奥尔基耶娃(右)在一场对话活动中发言。新华社记者 刘亚南 摄








