ဟွာတျန့် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျီလျင် ပြည်နယ်နှင့် China National Gold Group Co., Ltd. တို့ ပူးပေါင်း ဖန်တီးတည်ဆောက်ထားသည့် ရွှေပြတိုက်ကို စက်တင်ဘာ ၁၉ ရက်တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံ ကျီလျင် ပြည်နယ် ဟွာတျန့်မြို့၌ တည်ရှိသော ကျာဖီကိုးရွှေတွင်းသည် “တရုတ်နိုင်ငံ၏ ပထမဆုံး ရွှေတွင်း” ဟု အမည်ကျော်ကြားလျက်ရှိပြီး အဆိုပါ ပြတိုက်သည် သတ္တုတွင်းဧရိယာကို အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ပုံမှန် ရိုးရာ သမိုင်းပြသသည့် ပုံစံမှ ခွဲထွက်၍ “မြေပေါ်တွင် ဘက်ပေါင်းစုံ မြင်ကွင်းကျယ် ခင်းကျင်းပြသထားသည့်အပြင် မြေအောက်၌ ကိုယ်တိုင် ပါဝင်ခံစားနိုင်သည့် အတွေ့အကြုံများ ရယူခြင်း” ပုံစံဖြင့် တည်ဆောက်ထားရာ သမိုင်းဝင်အထောက်အထားများ သိမ်းဆည်းခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပြသခြင်းနှင့် သမိုင်းယဉ်ကျေးမှု အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းခြင်း စသည့် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် ပေါင်းစည်းထားသော ထူးခြားသည့် ပြတိုက်တစ်ခု ဖြစ်သည်။ (Xinhua)
…………………..
(Chinese Version)
盘活工业遗产 黄金博物馆开门迎客
9月19日,由吉林省与中国黄金集团有限公司携手打造的黄金博物馆正式开馆迎客。位于吉林省桦甸市的夹皮沟金矿素有“中国黄金第一矿”之称,博物馆依托矿区建设,打破传统静态展陈模式,构建“地上全维度展示+井下沉浸式体验”模式,是集史料收藏、文化展示、文脉传承于一体的特色展馆。








