ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် အိုင်ချိ-နာဂိုယာ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၌ အမျိုးသမီး မီတာ ၁၀၀x၄ လက်ဆင့်ကမ်း အလွတ်ကူးဗိုလ်လုပွဲအတွက် ဆုချီးပွဲအခမ်းအနားတွင် အောင်ပွဲခံနေသည့် ရွှေတံဆိပ်ဆုရှင် တရုတ်အသင်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပသော ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ၌ တရုတ်နိုင်ငံက အမျိုးသမီး မီတာ ၁၀၀x၄ လက်ဆင့်ကမ်း အလွတ်ကူးချန်ပီယံဆုကို ၎င်းပြိုင်ပွဲစံချိန်သစ်ဖြင့် ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

ယွီရီးထင်း၊ ကျန်းယွီဖေး၊ ချိန်ယွီကျယ်နှင့် ဝူချင်းဖုန်းတို့ ပါဝင်သည့် တရုတ်အသင်းက ပန်းဝင်ချိန် သုံးမိနစ် ၃၃.၁၀ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ တရုတ်ဟောင်ကောင်အသင်းက ပန်းဝင်ချိန် သုံးမိနစ် ၃၆.၅၉ စက္ကန့်ဖြင့် ဒုတိယဆုရရှိခဲ့ပြီး ဂျပန်အသင်းက ပန်းဝင်ချိန် သုံးမိနစ် ၃၉.၀၉ စက္ကန့်ဖြင့် တတိယဆုရရှိခဲ့သည်။

ထိုအောင်ပွဲက တရုတ်နိုင်ငံ၏ ရေကူးအသင်းအား အဆိုပါအဖွင့်နေ့ယှဉ်ပြိုင်မှုတွင် ရွှေတံဆိပ်ဆု ခြောက်ခု၊ ငွေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု နှစ်ခုတို့ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် အိုင်ချိ-နာဂိုယာ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၌ အမျိုးသမီး မီတာ ၁၀၀x၄ လက်ဆင့်ကမ်း အလွတ်ကူးဗိုလ်လုပွဲအတွက် ဆုချီးပွဲအခမ်းအနားတွင် အမှတ်တရဓာတ်ပုံရိုက်နေသည့် ရွှေတံဆိပ်ဆုရှင် တရုတ်အသင်း၊ ငွေတံဆိပ်ဆုရှင် တရုတ်ဟောင်ကောင်အသင်းနှင့် ကြေးတံဆိပ်ဆုရှင် ဂျပန်အသင်းတို့အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.............................

(English Version)

Asian Games | China retains women's 4x100m freestyle relay title

TOKYO, Sept. 20 (Xinhua) -- China won the women's 4x100m freestyle relay in a new Asian Games record time at the 2026 tournament here on Sunday.

China's quartet of Yu Yiting, Zhang Yufei, Cheng Yujie and Wu Qingfeng took gold in three minutes 33.10 seconds. Hong Kong, China claimed silver in 3:36.59 and Japan secured third in 3:39.09.

The victory saw China's swimming team win six gold, one silver and two bronze medals on the opening day's competition. ■

Photo caption 1: Gold medalists Team China celebrate at the awarding ceremony for the women's 4x100m freestyle relay final of swimming at the 20th Asian Games Aichi-Nagoya 2026 in Tokyo, Japan, Sept. 20, 2026. (Xinhua/Wu Zhizun)

Photo caption 2: Gold medalists Team China, silver medalists Team Hong Kong of China and bronze medalists Team Japan pose at the awarding ceremony for the women's 4x100m freestyle relay final of swimming at the 20th Asian Games Aichi-Nagoya 2026 in Tokyo, Japan, Sept. 20, 2026. (Xinhua/Wu Zhizun)