ဂျပန်နိုင်ငံ အိုင်ချိစီရင်စု အန်ဂျိုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ ၏ အပြေး၊ အတားအဆီးဖြတ်ကျော်၊ ရေကူး၊ သေနတ်ပစ်နှင့် ဓားရေးတို့ပါဝင်သော ခေတ်ပေါ်အားကစားနည်းငါးမျိုး အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား စင်မြင့်ထက်၌ တရုတ်အသင်းမှ Meng Xin ၊ Wu Xiyao နှင့် Zhang Mingyu (ဝဲမှယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုင်ချိစီရင်စု အန်ဂျိုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ ၏ အပြေး၊ အတားအဆီးဖြတ်ကျော်၊ ရေကူး၊ သေနတ်ပစ်နှင့် ဓားရေးတို့ပါဝင်သော ခေတ်ပေါ်အားကစားနည်းငါးမျိုး အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား စင်မြင့်ထက်၌ တရုတ်အသင်းမှ Meng Xin ၊ Wu Xiyao နှင့် Zhang Mingyu (ဝဲမှယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နာဂိုယာ၊ ဂျပန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲတွင် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် အပြေး၊ အတားအဆီးဖြတ်ကျော်၊ ရေကူး၊ သေနတ်ပစ်နှင့် ဓားရေးတို့ပါဝင်သော ခေတ်ပေါ်အားကစားနည်း ငါးမျိုးပါဝင်သည့် အားကစားပြိုင်ပွဲ၌ တရုတ်အသင်းက အမျိုးသမီးအသင်းလိုက် ရွှေတံဆိပ်ဆုကို ကာကွယ်နိုင်ခဲ့ပြီး အဆိုပါဆုသည် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့အတွက် ပထမဆုံး ရွှေတံဆိပ်ဆု ဖြစ်လာခဲ့သည်။

အမျိုးသမီး တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများကို အိုင်ချိစီရင်စု အန်ဂျိုမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ တစ်ဦးချင်းပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ Seong Seung-min က ၁,၄၉၂ မှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ တရုတ်နိုင်ငံမှ Zhang Mingyu က ၁,၄၆၀ မှတ်ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့သလို ၎င်းနှင့် တစ်နိုင်ငံတည်းသူ Wu Xiyao ကလည်း ၁,၄၄၇ မှတ်ဖြင့် ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။

ထို့ပြင် နောက်ထပ် တရုတ်နိုင်ငံကိုယ်စားပြု အားကစားသမားတစ်ဦးဖြစ်သည့် Meng Xin က ၁,၄၁၁ မှတ်ဖြင့် ပဉ္စမနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး Fu Jing က ၁,၃၈၉ မှတ်ဖြင့် အဋ္ဌမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အာရှအားကစားပြိုင်ပွဲ စည်းမျဉ်းများအရ အသင်းလိုက်ရလဒ်များကို အသင်းတစ်သင်းချင်းစီမှ အကောင်းဆုံး ကစားသမားသုံးဦး၏ စုစုပေါင်းရမှတ်များဖြင့် ဆုံးဖြတ်ခြင်းဖြစ်ရာ တရုတ်အသင်းက စုစုပေါင်းရမှတ် ၄,၃၁၈ မှတ်ဖြင့် အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ရမှတ် ၄,၂၇၁ မှတ်ဖြင့် ရပ်တည်နေသည့် တောင်ကိုရီးယားအသင်းကို ကျော်ဖြတ်ကာ အိုင်ချိ-နာဂိုယာ ၂၀၂၆ ပြိုင်ပွဲတွင် ၎င်းတို့၏ ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသည် အာရှအားကစားပြိုင်ပွဲများတွင် ခေတ်ပေါ် အားကစားနည်းငါးမျိုးပြိုင်ပွဲ၌ မြင်းစီးခြင်းအစား အတားအဆီးဖြတ်ကျော်ခြင်းကို အစားထိုးထည့်သွင်းကာ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သကဲ့သို့ ၂၀၂၈ လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲအတွက် အဆိုပါအားကစားနည်း ပုံစံသစ်ကို ကြိုတင်စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

"အတားအဆီးဖြတ်ကျော် ပြိုင်ပွဲအတွက် လေ့ကျင့်ချိန် အတော်လေးနည်းခဲ့လို့ ပိုပြီးအားစိုက်ခဲ့ရပါတယ်။ ပြီးတော့ တခြား ပြိုင်ပွဲဝင်အားကစားသမား တချို့ထက် အသက်နည်းနည်း ပိုကြီးတာမို့လို့ ကျွန်မရဲ့ ကိုယ်ကာယကြံ့ခိုင်မှုအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်" ဟု အကူးအပြောင်းကာလအတွင်း ကြုံတွေ့ခဲ့သည့် အခက်အခဲများနှင့် စပ်လျဉ်း၍ Zhang က ပြောကြားခဲ့သည်။

"ဒါပေမဲ့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားချင်သလို ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဆက်ပြီးကြိုးစားသွားမှာပါ။ အခက်အခဲဆိုတာ ယာယီအခိုက်အတန့်ပဲလို့ ယုံကြည်ထားတဲ့အတွက် ဒီလမ်းကြောင်းအတိုင်းပဲ ဆက်ပြီးလျှောက်လှမ်းသွားမှာပါ" ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

မကြာသေးမီက အသက် ၂၀ ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့သည့် Wu က ယခုကဲ့သို့ ထူးခြားသည့် လက်ဆောင်ကို ရရှိခဲ့သည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

"အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေ မပါဘဲနဲ့ ဒီရွှေတံဆိပ်ဆုကို ရယူနိုင်မှာမဟုတ်ပါဘူး။ အသက် ၂၀ ပြည့်ချိန်မှာ ဒီဆုကို လက်ခံရရှိခဲ့တာမို့ သိပ်ဝမ်းသာပါတယ်။ ကျွန်မရဲ့ အားကစားသမားဘဝ ခရီးလမ်းက ရှေ့ဆက်ပြီး အများကြီးကျန်သေးတာမို့လို့ ဒီပြိုင်ပွဲက ကျွန်မအတွက် စမှတ်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံက ခေတ်ပေါ်အားကစားနည်းငါးမျိုးပြိုင်ပွဲ၌ ၂၀၁၀ ပြည့်နှစ် ကွမ်ကျိုး အာရှအားကစားပြိုင်ပွဲမှစတင်၍ အာရှအားကစားပြိုင်ပွဲတိုင်းတွင် အနည်းဆုံးရွှေတံဆိပ်ဆုတစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါအားကစားနည်းတွင် တရုတ်အသင်းအနေဖြင့် ရပ်တည်ယှဉ်ပြိုင်နိုင်စွမ်း ရေရှည်အားကောင်းနေရခြင်း၏ အဓိကလျှို့ဝှက်ချက်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် Zhang က "တစ်စုံတစ်ရာ လျို့ဝှက်ချက်ရှိတယ်လို့ ကျွန်မမထင်ပါဘူး။ အာရှမှာ ကျွန်မတို့အသင်းရဲ့ ရလဒ်တွေ ကောင်းမွန်နေခြင်းဟာ နည်းပြတွေနဲ့ အားကစားသမားတွေရဲ့ အပတ်တကုတ် ကြိုးစားအားထုတ်မှုကြောင့်ပါပဲ" ဟု ဖြေကြားခဲ့သည်။ (Xinhua)

..................................

(English Version)

Asian Games | China claims first gold at Aichi-Nagoya Asiad

NAGOYA, Japan, Sept. 20 (Xinhua) -- China defended its women's team gold medal in modern pentathlon to secure the first gold medal for the Chinese delegation at the Aichi-Nagoya Asian Games on Sunday.

The women's individual and team events were held in Anjo, Aichi Prefecture. In the individual event, South Korea's Seong Seung-min won with 1,492 points. China's Zhang Mingyu took silver with 1,460 points, while her compatriot Wu Xiyao won bronze with 1,447 points.

Another Chinese competitor, Meng Xin, finished fifth with 1,411 points, while Fu Jing placed eighth with 1,389 points.

Under Asian Games rules, the team result is determined by the combined scores of each team's top three finishers. China topped the women's team standings with 4,318 points, edging South Korea on 4,271, to claim its first gold at Aichi-Nagoya 2026.

The event marked the first appearance of modern pentathlon at the Asian Games with obstacle replacing equestrian, and served as a preview of the event's new format for the 2028 Los Angeles Olympics.

Speaking about the difficulties she faced during the transition, Zhang said, "I had relatively little time to train for the obstacle event, so I needed to put in more effort. I am also a little older than some of the other athletes, which can have an impact on my physical condition."

"But I want to continue on this path and keep working hard to overcome these difficulties. I believe the difficulties are only temporary, and I will continue on this path," she added.

Wu, who had just celebrated her 20th birthday, said she was delighted to receive such a special gift.

"This gold medal would not have been possible without everyone's hard work. I am very happy to receive this gift as I turn 20. I still have a long athletic career ahead of me, and I hope this competition will be the starting point for me," she said.

China's modern pentathlon team has won at least one gold medal at every Asian Games since Guangzhou 2010.

Asked about the secret behind China's sustained competitiveness in the sport, Zhang said, "I don't think there is any secret. Our results in Asia are mainly down to the dedication and hard work of our coaches and athletes."

Photo caption 1: Meng Xin, Wu Xiyao and Zhang Mingyu (from L to R) of team China react on the podium during the victory ceremony for the women's team of modern pentathlon at the 20th Asian Games Aichi-Nagoya 2026 in Anjo city of Aichi Prefecture, Japan, Sept. 20, 2026. (Xinhua/Zhou Mi)

Photo caption 2: Gold medalists team China (C), silvers medalists team South Korea (R) and bronze medalists team Japan pose on the podium during the victory ceremony for the women's team of modern pentathlon at the 20th Asian Games Aichi-Nagoya 2026 in Anjo city of Aichi Prefecture, Japan, Sept. 20, 2026. (Xinhua/Zhou Mi)