နယူးယောက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၆ ရက်က သမ္မတဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကနေဒါမှထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အမေရိကန်အစိုးရ၏ ဝယ်ယူရေးအစီအစဉ်မှ ဖယ်ထုတ်မည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်၏ ထိုနေ့တွင်  ထုတ်ပြန်သည့် သတင်းအရ သိရသည်။

စာချွန်လွှာအရ ထရမ့်က အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး၏ ညွှန်ကြားရေးမှူးနှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်တို့အား အခြားဌာနများနှင့်အတူ ကနေဒါမှထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ဖက်ဒရယ်အရပ်ဘက်ဝယ်ယူရေးစနစ်မှ ဖယ်ထုတ်ရန် ဥပဒေအရ ခွင့်ပြုထားသည့် အစီအမံများအားလုံးကို ဖော်ထုတ်ပြီး ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ အိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှူးသည် အမေရိကန်ပြည်တွင်းမှ အစားထိုးကုန်ပစ္စည်းများအကြောင်းကို အခြားဌာနများအား အသိပေးရမည်ဖြစ်သည်။

ထရမ့်က အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အား ကနေဒါဖက်ဒရယ်နှင့် ပြည်နယ်အဆင့် အစိုးရဝယ်ယူရေးလုပ်ငန်းစဉ်များတွင် အမေရိကန်ကုန်ပစ္စည်းများအား ပေးအပ်သည့် အခွင့်အရေးကို ဆက်လက်စောင့်ကြည့်ရန်လည်း ညွှန်ကြားထားသည်။

စာချွန်လွှာတွင် ကနေဒါအစိုးရ၏ “ကနေဒါထုတ်ကုန် ဝယ်ယူသုံးစွဲရေး” မူဝါဒသည် အမေရိကန်စီးပွားရေးလုပ်ငန်းများ ကနေဒါအစိုးရဝယ်ယူရေးဈေးကွက်သို့ ဝင်ရောက်ရန် အတားအဆီးအသစ်များ ဖန်တီးပေးခဲ့ပြီး ကနေဒါပြည်နယ်များကလည်း ဒေသဆိုင်ရာ အစိုးရဝယ်ယူရေးဈေးကွက်သို့ အမေရိကန်စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားသည်ဟု ဖော်ပြထားသည်။

ထရမ့်က မကြာသေးမီက လူမှုမီဒီယာမှတစ်ဆင့် အမေရိကန် လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား "တရားမျှတသော အပြန်အလှန်အကျိုးခံစားခွင့်" ပြန်လည်ရရှိသည်အထိ ကနေဒါကုန်ပစ္စည်းများကို အမေရိကန်အစိုးရဝယ်ယူရေးအစီအစဉ်မှ ဖယ်ထုတ်မည်ဟု ကြေညာခဲ့သည်။ (Xinhua)

.................................

(Chinese Version)

特朗普签署备忘录将加拿大产品排除出美政府采购计划

新华社纽约9月16日电(记者刘亚南)据美国白宫16日发布的消息,美国总统特朗普当日签署一份总统备忘录,将源自加拿大的产品排除出美政府采购计划。

根据备忘录,特朗普指示白宫管理和预算办公室主任和美国贸易代表与其他部门一起识别并采取一切法律允许的措施,把源自加拿大的产品排除在联邦民用采购体系之外。白宫管理和预算办公室主任还应告知其他部门有关美国国内替代产品的信息。

特朗普还指示美国贸易代表继续监控加拿大联邦和省级政府采购过程中给予美国产品的待遇。

备忘录称,加拿大政府的“购买加拿大”政策为美国企业进入加政府采购市场设置了新障碍,加拿大各省也限制美国企业进入地方政府采购市场。

特朗普日前通过社交媒体宣布,加拿大产品将被排除出美国政府采购计划,直至加方对美农民和企业恢复“公平的互惠”。(完)