ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အီရန်ဘက်မှ တောင်းဆိုထားသည့် အခြေအနေများနှင့် မကိုက်ညီပါက အီရန်အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးပွဲ ပြုလုပ်မည်မဟုတ်ကြောင်း အီရန်နိုင်ငံ ထိပ်တန်း အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က စက်တင်ဘာ ၁၅ ရက်တွင် အထပ်လောင်း အလေးပေး ပြောကြားခဲ့သည်။
Mohsen Rezaei က "ပထမတော့ 'ဆွေးနွေးပွဲ မလုပ်ဘူး' လို့ ပြောပြီး နောက်တော့ 'ကျွန်တော်တို့ ဆွေးနွေးပွဲ ပြုလုပ်လိုတယ်' လို့ ပြောတဲ့ အမေရိကန် သမ္မတ ထုတ်ပြန်တဲ့ စိစစ်မရတဲ့ သတင်းစကားတွေအပေါ် အာရုံနောက်မနေကြပါနဲ့" ဟု လူမှုကွန်ရက်တွင် ပို့စ်တင်ရေးသားခဲ့သည်။
ရေနံနှင့် ဟော်မုဇ် ရေလက်ကြားကို ဗဟိုပြု၍ အခင်းအကျင်းမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း Rezaei က ရေးသားခဲ့သည်။ "အီရန် တောင်းဆိုထားတာတွေ မရမချင်း ဆွေးနွေးပွဲတွေ ရှိလာမှာ မဟုတ်ပါဘူး" ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၄ ရက်က လူမှုကွန်ရက်တွင် ပို့စ်အများအပြားတင်ကာ ၎င်း၏ အီရန်အပေါ် မူဝါဒအား ကာကွယ်ပြောကြားခဲ့သည်။ အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် "လမ်းဖွင့်ထား" သည့် သဘောထားရှိကြောင်း ထရမ့်က ပြောကြားခဲ့သလို ဟော်မုဇ် ရေလက်ကြားတွင် ရေနံသယ်ယူပို့ဆောင်ရေးအတွက် အမေရိကန်က "ကူညီပေးနေခြင်း" ဖြစ်ရာ နိုင်ငံအသီးသီးအနေဖြင့် အမေရိကန်သို့ "သင်္ဘောခြံရံ စောင့်ရှောက်ခ လျော်ကြေး" ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုလ အစောပိုင်းတွင် ထရမ့်က အမေရိကန်နှင့် အီရန်ကြား စစ်ပွဲမှာ နိုဝင်ဘာလ အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ ပြီးစီးသည်နှင့် "ချက်ချင်း ပြီးဆုံးမည်" ဖြစ်ပြီး အီရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်မှာ "အဲဒါ ကျွန်တော်တို့ လက်ရှိစဉ်းစားနေတဲ့ ကိစ္စမဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့သည် ဇွန်လလယ်ပိုင်းက နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့သော်လည်း စာချွန်လွှာ စတင်အသက်ဝင်ပြီး မကြာမီပင် ပျက်စီးသွားခဲ့သည်။ အီရန်သည် နားလည်မှုစာချွန်လွှာတွင် အီရန်အပေါ် ရေကြောင်းပိတ်ဆို့မှုနှင့် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရန်၊ ထို့ပြင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အီရန်၏ ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန် စသည့် အချက်များကို တောင်းဆိုထားသည်။ (Xinhua)
-------------------
(Chinese Version)
美方称“愿意谈判” 伊朗:不满足条件不谈
新华社北京9月15日电 伊朗最高国家安全委员会秘书穆赫辛·雷扎伊15日强调,如果伊朗方面所提条件得不到满足,伊朗不会与美国谈判。
雷扎伊在社交媒体发帖说:“别叫美国总统释放的混杂信号分散了注意力——先说‘不谈判’,又说‘我们愿意谈判’。”
雷扎伊写道,围绕石油和霍尔木兹海峡,形势已经改变。“在伊朗的条件得到满足之前,不会有谈判。”他强调。
美国总统特朗普14日在社交媒体发布多条帖文为其伊朗政策辩护。特朗普称对与伊朗谈判持“开放”态度,并称美方为霍尔木兹海峡的石油运输提供“帮助”,各国应对美进行“护航补偿”。
本月早些时候,特朗普宣称美伊战事将在11月美国国会中期选举完成后“立即结束”,同伊朗恢复谈判“并非我们目前考虑的事情”。
美伊6月中旬达成一份谅解备忘录,但备忘录生效不久便遭破坏。伊朗在谅解备忘录中提出要求解除对伊海上封锁和制裁以及解冻伊朗被冻结的资产等条件。








