လန်ဒန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် မြောက်အိုင်ယာလန်က ဗြိတိန်မှ ခွဲထွက်၍ “အိုင်ယာလန်နှင့် ပေါင်းစည်းရေး” အား ထောက်ခံအားပေးကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ထပ်မံ ပြောကြားခဲ့သည်။ ထိုမတိုင်မီ ရှေ့တစ်ရက်တွင် ထရမ့်က အလားတူပြောဆိုချက် ပြောကြားခဲ့ရာ ဗြိတိန်နိုင်ငံရေးလောက၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း ခံခဲ့ရသည်။

ထရမ့်က “မြောက်အိုင်ယာလန် ရှိသလို အိုင်ယာလန် လည်း ရှိပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူတို့ကို ပေါင်းစည်းလိုက်တာဟာ သဘာဝအကျဆုံး ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်” ဟု ထိုနေ့တွင် အိုင်ယာလန်၌ မီဒီယာများအား ပြောကြားခဲ့သည်။

စကော့တလန်အရေးနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ထရမ့်က အဆိုပါအကြောင်းအရာအား လက်ရှိတွင် ဆွေးနွေးမည် မဟုတ်ကြောင်း၊ “နောက်ပိုင်းမှ ဆက်ပြောတာပေါ့” ဟု ဆိုခဲ့သည်။

ထရမ့်သည် စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ အိုင်ယာလန်သို့ ခရီးစဉ်သွားရောက်ခဲ့သည်။ ၎င်းက အိုင်ယာလန်နှင့် (ဗြိတိန်နိုင်ငံမှ) မြောက်အိုင်ယာလန်တို့ “ပေါင်းစည်းမှု ဖော်ဆောင်ခြင်း”ကို အလွန်တွေ့မြင်လိုကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောဆိုချက်သည် ဗြိတိန်နိုင်ငံရေးလောက လူပုဂ္ဂိုလ်များ၏ ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် ဝေဖန်ခြင်းခံခဲ့ရသည်။

ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲ Kemi Badenoch က “ထရမ့်က အရင်အတိုင်း ပြောချင်သလို ပြောနေတုန်းပါပဲ။ သူအရင်က ဂရင်းလန်းကျွန်းကို ပြောခဲ့သလိုနဲ့ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်စေချင်သလိုပေါ့” ဟု ထိုနေ့တွင် လူမှုမီဒီယာ၌ ဆိုခဲ့သည်။ “မြောက်အိုင်ယာလန်က ဗြိတိန်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟုလည်း Kemi Badenoch က ပြောကြားခဲ့သည်။

“ကျွန်တော်က ထရမ့်ရဲ့အမြင်ကို သဘောမတူပါဘူး” ဟု ဗြိတိန်နိုင်ငံ ပြုပြင်ပြောင်းလဲရေးပါတီ အကြီးအကဲ Nigel Farage က ထိုနေ့တွင် လူမှုမီဒီယာ၌ ဆိုခဲ့ပြီး မြောက်အိုင်ယာလန်သည် ဗြိတိန်နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာနှင့် ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟု ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

无视英国反对 特朗普再挺“爱尔兰统一”

新华社伦敦9月13日电(记者张枫)据外媒报道,美国总统特朗普13日再次表示,他支持北爱尔兰脱离英国,“与爱尔兰统一”。此前一天,特朗普发表类似言论,已引发英国政界强烈反对。  

特朗普当天在爱尔兰对媒体说:“有北爱尔兰,也有爱尔兰。在我看来,把它们合并在一起似乎是再自然不过的事情。”  

在被问到苏格兰问题时,特朗普称,这个问题目前不会谈,“留到以后再说”。  

特朗普12日至13日访问爱尔兰。他12日说,很希望看到爱尔兰与(英国的)北爱尔兰“实现统一”。这一言论引发英国政界人士强烈反对和批评。  

英国保守党党首凯米·巴德诺赫当天在社交媒体上说:“特朗普还是一如既往地信口开河,就像他之前谈到格陵兰岛,以及想让加拿大成为美国第51个州时一样。”巴德诺赫说,“北爱尔兰是英国的一部分”。  

“我不同意特朗普的观点。”英国改革党党首奈杰尔·法拉奇同日在社交媒体上说,北爱尔兰是英国引以为傲、不可分割的一部分。(完)