ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စိတ်ကြွဆေးပြား ၃၀၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု စက်တင်ဘာ ၁၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မော်တော်ယာဉ်တစ်စီးအား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၂၉၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
သီးခြားဖြစ်စဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လူတစ်ဦးအား ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၁၂,၀၀၀ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ထိုဖြစ်စဉ်များနှင့် ပတ်သက်ဆက်နွှယ်နေသည့် သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
..................................
(English Version)
Myanmar police seize over 300,000 stimulant tablets
YANGON, Sept. 14 (Xinhua) -- Myanmar police seized more than 300,000 stimulant tablets in Sagaing and Yangon regions, the state-owned daily The Mirror reported on Monday.
Acting on a tip-off, anti-narcotics police searched a vehicle in Kalay township, Sagaing region, on Thursday and confiscated 290,000 stimulant tablets, the report said.
In a separate operation on Friday, police searched a man in Hlaing township, Yangon region, and seized 12,000 stimulant tablets, according to the report.
Three suspects were arrested in connection with the cases, the report said.








