မုံရွာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
မုံရွာမြို့၊ အေးသာယာရပ်ကွက်(ယ္ခင် အုန်းခြံရပ်)၊ညောင်တပင်လမ်းနှင့် အုန္နဲပင်လမ်းဒေါင့်ရှိ ပြည်လုံးချမ်းသာဘုရား (နာရီစင်ဘုရား)၏ ဘုံခုနှစ် ဆင့်ကျောင်းဆောင် အထက်ပိုင်းကိုစက်တင်ဘာ ၉ရက်၊ ည ၁၁ နာရီခန့်က မိုးရွာသွန်းပြီး တစ်ပြိုင်နက် မိုးကြိုးထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကြောင့် ဘုရားကျောင်းဆောင်ပတ်လည် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ပြည်လုံးချမ်းသာဘုရား၏ ပျက်စီးယိုယွင်းသွားသောအပိုင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် ယခင်မူလဆောက်လုပ်လှုဒါန်းခဲ့ကြတဲ့ ကုသိုလ်ရှင်တွေသိစေရန် ဒေသခံအချို့က လူမှုမီဒီယာမှ တစ်ဆင့်အသိပေးထားကြောင်း သိရသည်။ (Xinhua)








