နယူးဒေလီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
“တရုတ်နိုင်ငံအနေဖြင့် ယခုအခွင့်အလမ်းကို အသုံးချကာ ဘက်ပေါင်းစုံနှင့်အတူ ဘုံသဘောတူညီချက်များ စုစည်းပြီး အနာဂတ်ကို ဖန်တီး၍ BRICS ပူးပေါင်းဆောင်ရွက်မှု၏ တတိယမြောက် ‘ရွှေရောင်ဆယ်စုနှစ်’ ကို ဖွင့်လှစ်ပေးသလို ကြွယ်ဝချမ်းသာပြီး တိုးတက်ကောင်းမွန်သော အနာဂတ်ကို အတူတကွ ဖန်တီးသွားလိုပါသည်”။ ဒေသစံတော်ချိန် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဒေလီမြို့၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေး ပထမအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်စဉ် တရုတ်နိုင်ငံသည် လာမည့်နှစ်တွင် BRICS အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမည်ဖြစ်ပြီး ၁၉ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယခုနှစ်သည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ပြည့် မြောက်သည့်နှစ်ဖြစ်သည်။ အချိန်ကာလများက BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များစွာကို သက်သေထူခဲ့သလို BRICS နိုင်ငံများ စည်းလုံးညီညွတ်စွာ တိုးတက်စေရန် တရုတ်နိုင်ငံ၏ ဦးဆောင်မှု၊ သမိုင်းပေးတာဝန်နှင့် တာဝန်ယူမှုများကို မော်ကွန်းရေးထိုး မှတ်တမ်းတင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် BRICS အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၃ ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်မှစ၍ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေး ကို သဘာပတိအဖြစ်လည်းကောင်း၊ ကိုယ်တိုင်တက်ရောက်သူအဖြစ်လည်းကောင်း အကြိမ်ကြိမ် ပါဝင်ဆောင်ရွက်ခဲ့ပြီး BRICS+' ပူးပေါင်းဆောင်ရွက်မှု ပုံစံ အပါအဝင် အရေးပါသော ရပ်တည်ချက်များနှင့် အဆိုပြုချက် ပဏာမခြေလှမ်းများစွာကို ဆန်းသစ်သော နည်းလမ်းများဖြင့် စတင်လမ်းဖောက် တင်ပြခဲ့ကာ BRICS ပူးပေါင်းဆောင်ရွက်မှု တရှိန်ထိုး တိုးတက်လာစေရန်နှင့် ကြီးမားသော စွမ်းဆောင်ရည်များ ဖော်ထုတ်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး BRICS ယန္တရား ဖွံ့ဖြိုးတိုးတက်လာသည့် အရေးပါသော အချိုးအကွေ့များတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ကာ လေးနက်သည့် 'တရုတ်နိုင်ငံ၏ အမှတ်အသား' ကို မော်ကွန်းရေးထိုးနိုင်ခဲ့သည်။
နှစ်ပေါင်း ၂၀ အတွင်း အခက်အခဲပေါင်းစုံကို ဖြတ်သန်းခဲ့ပြီးနောက် BRICS နိုင်ငံများသည် “BRICS ပူးပေါင်းဆောင်ရွက်မှုကြီး” ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သစ်သို့ ကူးပြောင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဩဇာအာဏာ အကြီးမားဆုံးသော သစ်လွင်တိုးတက်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်ရေး စင်မြင့်တစ်ခုအနေဖြင့် BRICS နိုင်ငံများသည် တာဝန်ကြီးမားသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ထားကြပြီး အနာဂတ်တွင် များစွာစွမ်းဆောင်နိုင်သည့် အခွင့်အလမ်းများ ရှိကြသည်။ “တရုတ်နှစ်” တွင် ဆုံစည်းကြရင်း BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ပြန်လည်စတင်လိုက်ပြီဖြစ်သည်။ ဘက်ပေါင်းစုံမှ BRICS စိတ်ဓာတ်ဖြင့် နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ယူမှုရှိရှိ ရိုင်းပင်းကူညီသွားကြခြင်းသည် 'BRICS ပူးပေါင်းဆောင်ရွက်မှုကြီး' ကို ပိုမိုခိုင်မာစနစ်တကျ ဖြစ်စေမည်ဖြစ်ကာ၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးကို မြှင့်တင်ရန်အတွက်လည်း ပိုမိုကြီးမားသော အကျိုးပြုမှုအသစ်များကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ (Xinhua)
......................
(Chinese Version)
学习快评丨相约“中国年”,金砖启新程
“中方愿以此为契机,同各方凝聚共识、开创未来,开启金砖合作第三个‘金色十年’,共创繁荣进步的光明前景。”当地时间9月12日下午,国家主席习近平在新德里出席金砖国家领导人第十八次会晤第一阶段会议时宣布,中国将于明年接任金砖主席国,主办金砖国家领导人第十九次会晤。
今年是金砖国家合作20周年,时间见证了金砖国家合作的丰硕成果,也镌刻下中国引领金砖国家团结发展的使命担当。中国曾三次担任金砖主席国。2013年以来,习近平主席多次主持或出席金砖国家领导人会晤,开创性提出包括“金砖+”合作模式等一系列重要主张和倡议,亲力亲为推动金砖合作实现大发展、展现大作为,在金砖机制发展壮大的关键节点发挥了关键作用,留下了深刻的中国印记。
二十载风雨兼程,金砖国家已迈入“大金砖合作”高质量发展新阶段。作为当今世界最具影响力的新兴市场和发展中国家合作平台,金砖国家使命在肩,大有可为。相约“中国年”,金砖再出发。各方秉持金砖精神、深化各领域合作,担当作为、守望相助,必将推动“大金砖合作”行稳致远,为推动构建人类命运共同体作出新的更大贡献。








