ab3c20016400f118322fb2ad5f1f0aba0de2bd87.content.avif)
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းခရီးစဉ်များအား ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိသည်ဟု အဆိုပါလေဆိပ်၏ လည်ပတ်ရေးထိန်းချုပ်မှုစင်တာထံမှ စက်တင်ဘာ ၁၁ ရက်က သိရသည်။
မြန်မာနိုင်ငံ Air Thanlwin လေကြောင်းလိုင်းက အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) သို့ အစားထိုး ပျံသန်းပြေးဆွဲမည့် ခရီးစဉ်များအား မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မူလသတ်မှတ်ထားသည့် ပုံမှန်အချိန်၊ ပုံမှန်ခရီးစဉ်များအတိုင်း ပြန်လည် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးရှိ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင် ဒေသများသည် စက်တင်ဘာ ၁၀ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း The Global New Light of Myanmar ၏ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါဒရုန်းများကို လေကြောင်းရန်ကာကွယ်ရေး စောင့်ကြည့်မှုစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
---------------------
(English Version)
Airport in Myanmar's Mandalay reopens
YANGON, Sept. 11 (Xinhua) -- Flights at the Mandalay International Airport in Myanmar are operating normally, according to the airport's Operations Control Center on Friday.
Myanmar's Air Thanlwin said on social media that flights originally scheduled to divert to a nearby airport would resume operations at Mandalay International Airport in accordance with original schedules and timetables.
Mandalay's Tada-U International Airport and its surrounding areas came under a drone attack on Thursday, the Global New Light of Myanmar reported. The drones were intercepted by air defence monitoring systems, with no casualties reported, it added.
Security forces are cooperating with the public to investigate the incident. Enditem








