ကျိန့်ကျိုး၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အဓိကစိုက်ပျိုးရေးပြည်နယ်ကြီးဖြစ်သည့် ဟဲနန်ပြည်နယ်သည် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုကို မောင်းနှင်အားအဖြစ် အသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ သိပ္ပံနည်းပညာသုံး စက်ကိရိယာများကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်စေလျက်ရှိသည်။
မိုဘိုင်းဖုန်းဖြင့် ထိန်းချုပ်အသုံးပြုနိုင်သော စမတ် ဆည်မြောင်းစနစ်မှအစ လယ်ကွင်းအတွင်းရှိ “စမတ် စောင့်ကြည့်တိုင်များ” အထိ၊ မောင်းသူမဲ့ လယ်ထွန်စက်များမှအစ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးကို လွှမ်းခြုံထားသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရားအစုအဝေးအထိ စမတ်အသွင် စက်ကိရိယာမျိုးစုံကို စိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်မှု ကဏ္ဍအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မှု ထိရောက်ရေးကို သေချာစွာ မြှင့်တင်ကာ စိုက်ပျိုးရေးလုပ်ငန်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိသည်။ (Xinhua)
…………………………….
(Chinese Version)
活力中国调研行|河南:科技创新助推农业现代化发展
新华社照片,郑州,2026年9月10日
作为全国农业大省,河南以科技创新为引擎,大力发展农业科技装备,从手机操作的智慧灌溉系统到田间地头的“智慧监测杆”,从无人驾驶拖拉机到覆盖全产业链的农机矩阵,各类智能化装备广泛应用于农业生产各环节,有效提高农业作业效率,走出一条农业现代化发展之路。








