ဖူအယ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဖူအယ်မြို့ရှိ Sun River National Forest Park တွင် စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။ တိရစ္ဆာန်လေ့လာရေးအရာရှိတစ်ဦးနှင့် မျောက်လွှဲကျော်နှစ်ကောင် အတူရှိနေချိန်တွင် မျောက်လွှဲကျော်တစ်ကောင် သောက်မည့်ရေကို သူငယ်ချင်းမျောက်လေးက ကြားဖြတ်ယူသွားတဲ့ဖြစ်ရပ်လေးပင်ဖြစ်သည်။ ရေသောက်ဖို့အလုခံလိုက်ရသည့် မျောက်လွှဲကျော်လေးက စိတ်ဆိုးရန်ဖြစ်တာမျိုးမလုပ်ဘဲ တိတ်တဆိတ်လေး ထွက်ခွာကာ တစ်ကောင်တည်း စိတ်ကောက်နေခဲ့သည်။ (Xinhua)








