ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ဖူအယ်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အထိ ခရီးစဉ်သည် ရှေးခေတ်လက်ဖက်ကုန်သွယ်ရေးလမ်းကြောင်း၏ သမိုင်းဝင်အမွေအနှစ်ထင်ဟပ်နေပြီး လျိုချန့်ရာ အတွက်မူ ယနေ့ခေတ်တွင် ထိုရှေးဟောင်းဆက်နွှယ်မှုက နေ့စဉ်ဘဝထဲက သေးငယ်သော အခိုက်အတန့်များမှတစ်ဆင့် ဆက်လက်ရှင်သန်နေသည်။

“တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားလေ့လာတာ၊ အတန်းဖော်တွေနဲ့ စကားစမြည်ပြောဆိုတာ၊ အတူတကွ အချိန်ဖြုန်းတာ စတဲ့ နေ့စဉ်ဘဝထဲက ထိတွေ့ဆက်ဆံမှုတွေကနေတစ်ဆင့် ကျွန်မတို့လို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသူ မျိုးဆက်တွေဟာ ဒီမျှဝေမှုရှိတဲ့ သမိုင်းကြောင်းကို ကိုယ်တိုင်သိရှိနားလည်လာနိုင်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုလည်း ဆက်လက်သယ်ပိုးလျက်ရှိပါတယ်” ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် မြန်မာဘာသာစကား လာရောက်လေ့လာနေသည့် ဖူအယ်တက္ကသိုလ် ကျောင်းသား/ကျောင်းသူဖလှယ်ရေးအစီအစဉ်မှ ကျောင်းသူ လျို က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရန်ကုန်တက္ကသိုလ်တို့က စက်တင်ဘာ ၃ ရက်၌ ပူးတွဲကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ် တရုတ်-မြန်မာ လူငယ် ကူးလူးဖလှယ်ရေးလှုပ်ရှားမှုနှင့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို လူငယ်များဖြင့် နက်နက်ရှိုင်းရှိုင်း ဆက်လက် လက်ဆင့်ကမ်းဖော်ဆောင်နေမှုကို အလေးပေးဖော်ပြခဲ့သည်။

အဆိုပါ အခမ်းအနားတက်ရောက်သည့် လူငယ်များအနေဖြင့် ဘာသာစကားကျွမ်းကျင်တတ်မြောက်မှု တိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်မွန်လာခြင်းထက် သာလွန်မှုကို ရရှိခဲ့ကြသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ နည်းပညာဆန်းသစ်တီထွင်မှုများ တိုးတက်လာခြင်းနှင့် နက်ရှိုင်းသော ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ယန္တရားများမှာ မြန်မာလူငယ်များအတွက် လက်တွေ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်များနှင့် ဆန်းသစ်တီထွင်မှု အတွေ့အကြုံများကို ရရှိနိုင်စေမည့် အရေးပါသော ပလက်ဖောင်းများ ဖြစ်လာကြောင်း ယင်းအခမ်းအနား တက်ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/asiapacific/20260904/9ce73c0f61df48a19aa1d4283c85ee7a/c.html

…………….

(English Version)

Asia-Pacific Community: Youth carry forward China-Myanmar paukphaw friendship via cultural, tech ties

YANGON, Sept. 4 (Xinhua) -- From Pu'er in southwest China's Yunnan Province to Yangon, Myanmar, the journey mirrors the historical legacy of the ancient Tea Horse Road, yet today this age-old connection lives on in small, everyday moments for Liu Changya.

"Through everyday encounters such as learning each other's language, chatting with classmates and simply spending time side-by-side, members of the post-2000 generation like us get to understand this shared history firsthand and carry forward the Paukphaw friendship," said Liu, an exchange student from Pu'er University, who is currently studying the Myanmar language at Yangon University of Foreign Languages.

The profound youth-driven inheritance of bilateral friendship was highlighted at the China-Myanmar Youth Exchange Event and China-Myanmar Media Tea Party for the third quarter of 2026, jointly hosted by the Chinese Embassy in Myanmar and Yangon University on Thursday.

Young participants stood to gain far more than improved language proficiency and enhanced career prospects. Experts at the event noted that China's advancing technological innovation and in-depth cultural exchange mechanisms have become pivotal platforms for Myanmar's younger generation to access practical development resources and innovative experiences.

https://english.news.cn/asiapacific/20260904/9ce73c0f61df48a19aa1d4283c85ee7a/c.html