ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ် ဇူလိုင်မှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု ရှိ မြို့နယ် ၅၅ မြို့နယ်တွင် ဇူလိုင်မှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်ပေါင်း ၆ သောင်းခန့် ရေ၀င်ရောက်ပြီး လူဦးရေ ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀၀ ကျော် ဖွင့်လှစ်ခဲ့ရပြီး လက်ရှိတွင် မြို့နယ်အချို့တွင် ရေများပြန်ကျသွားသဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၀၀ ကျော် ပိတ်သိမ်းခဲ့ပြီး လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၆၈ ခုခန့်သာ ကျန်ရှိကြောင်း သိရသည်။
ယင်း ရေကြီးရေလျှံမှုကြောင့် အိမ် ၄၁ လုံး၊ လမ်း ၁၄ ခု၊ တံတား ၁၂ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး ဘာသာရေးကျောင်း ၁၈၈ ရေ၀င်ခဲ့ကြောင်း၊ ရေ၀င်ရောက်မှုကြောင့် အခြေခံပညာသင်ကျောင်း ၅၇၀ ကျော် ပိတ်ခဲ့ရပြီး လက်ရှိ ကျောင်း ၃၀၀ ကျော် ပြန်လည် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် စပါးခင်း ၂ သိန်းကျော် ရေ၀င်ရောက်ခဲ့ပြီး လက်ရှိ စပါးခင်း ၄၆,၀၀၀ ကျော် ရေပြန်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အစိုးရအဖွဲ့အနေဖြင့်လက်ရှိအချိန်ထိ သိန်းပေါင်း (၃,၂၀၀) ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ ၂ သိန်းကျော်ရှိပြီး ၃ ဦး သေဆုံး
MORE NEWS

မြန်မာနိုင်ငံမှ ပြောင်းတန်ချိန် ၁ သန်းခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့
Read Full Story

အမေရိကန်ဘီလျံနာများက ကြားဖြတ်ရွေးကောက်ပွဲအတွက် သူ့ထက်ငါအပြိုင် ငွေကြေးထည့်ဝင်
Read Full Story

တရုတ်နိုင်ငံထံသို့ ယဉ်ကျေးမှုအမွေအနှစ် အနုပညာလက်ရာပစ္စည်းနှင့် ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း ၆၄ ခု အမေရိကန် ပြန်လည်ပေးအပ်
Read Full Story

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
Read Full Story

၂၀၃၀ - ၂၀၃၁ တွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ရန် မြန်မာနိုင်ငံ လျာထား
Read Full Story

စပိန်ကို ကမ္ဘာ့ဖလား ရယူပေးခဲ့သည့် နည်းပြဒယ်လာဖွန်တေး စာချုပ်သစ် ချုပ်ဆိုမည်
Read Full Story

FTA ၃.၀ အခွင့်အလမ်းများကို အဓိကထားပြသမည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ
Read Full Story

ရှန်ဟိုင်းမြို့တွင် ကျင်းပမည့် ၄၈ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည် ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ နောက်ဆုံးအဆင့်သို့ ရောက်ရှိ
Read Full Story
‹
›
