မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လက်ကားငါးဈေးတစ်ခု၌ ငါးအမျိုးအစား ခွဲခြားနေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လက်ကားငါးဈေးတစ်ခု၌ ငါးအမျိုးအစား ခွဲခြားနေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ဧပြီလတွင် စတင်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမငါးလအတွင်း ရေထွက်ပစ္စည်း တန်ချိန် ၁၃၀,၄၁၁ တန်ကျော် တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၂၂၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စက်တင်ဘာ ၅ ရက်၌ ပြောကြားချက်အရ သိရသည်။

ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ရေထွက်ပစ္စည်း တန်ချိန် ၁၅၃,၉၂၆ တန်ကျော် တင်ပို့ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ယခုတင်ပို့မှုပမာဏ ကျဆင်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၄၀ ခန့်သို့ ရေထွက်ပစ္စည်းများ တင်ပို့လျက်ရှိကာ အများစုကို တရုတ်၊ ထိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တင်ပို့ခြင်းဖြစ်ကြောင်း အဆိုပါဌာနက ပြောသည်။

ယခင်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံက ရေထွက်ပစ္စည်း တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

..................................

(English Version)

Myanmar exports over 130,411 tonnes of fishery products in first 5 months of FY 2026-27

YANGON, Sept. 5 (Xinhua) -- Myanmar exported over 130,411 tonnes of fishery products in the first five months of the fiscal year 2026-27, which began in April, earning over 225 million U.S. dollars, according to the Department of Fisheries on Saturday.

The export volume declined compared with the same period of the previous fiscal year, when the country exported over 153,926 tonnes of fishery products, the department said.

Myanmar exports fishery products to about 40 countries, with the majority going to China, Thailand, the Middle East and Europe, it said.

In the previous fiscal year, Myanmar exported over 463,000 tonnes of fishery products.

Photo caption: Workers sort fish at aa fish wholesale market in Yangon, Myanmar, Sept. 1, 2022. (Photo by Myo Kyaw Soe/Xinhua)