ကျန်းရှီး၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
စိမ့်မြေအရပ်က ငြိမ်းချမ်းသာယာသော ဆုံစည်းမှုတစ်ခုပင်ဖြစ်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီး ပြည်နယ်ရှိ ပေါ်ယန်ရေကန်၏ ရေတိမ်ပိုင်းတွင် မီလုသမင်များသည် ဗျိုင်းအုပ်များနှင့်အတူ ငြိမ်သက်အေးချမ်းသော ရေပြင်ကို မျှဝေခံစားရင်း ဖြတ်သန်းသွားလာနေကြသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းအဆင့် အမျိုးသားကာကွယ်စောင့်ရှောက်မှုအောက်ရှိ အဆိုပါ သမင်များကို ယင်းဒေသ၌ပင် ပြန်လည်ထိန်းသိမ်း မွေးမြူခဲ့ရာ နှစ်ပေါင်းများစွာ သဘာဝအတိုင်း မျိုးပွားလာခဲ့ပြီးနောက် ယခုအခါ သမင် အကောင်ရေ ၈၀ ခန့်အထိ ရှိလာပြီဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Milu deer roam alongside egrets at Poyang Lake
A serene encounter in the wetlands: Milu deer wade through the shallows of Poyang Lake in east China's Jiangxi Province, sharing the tranquil waters with flocks of egrets. The deer, under China's top-level national protection, were reintroduced to the area, and years of natural breeding have brought their population to around 80.








