
ဆန်းကျန့်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ် မီဒီယာအဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် အာရှ-ပစိဖိတ် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် စီစဉ်ရေးကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
အာရှ-ပစိဖိတ်ဒေသ မီဒီယာ Think Tank ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်အတွက် ဆင်ဟွာသတင်းဌာနသည် အာရှ-ပစိဖိတ်ဒေသ အဓိကမီဒီယာ၊ Think Tank စသည့် အဖွဲ့အစည်းများနှင့်အတူ အာရှ-ပစိဖိတ် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် ပူးတွဲတည်ထောင်သွားမည်ဖြစ်သည်။ မိတ်ဖက်အစီအစဉ်သည် အာရှ-ပစိဖိတ်ဒေသ မီဒီယာများ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုအား ရည်ရွယ်ချက်အဖြစ်ထားရှိကာ အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းတွဲဖက်ဖြန့်ချိမှု၊ နည်းပညာဆန်းသစ်တီထွင်မှု၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ဟူသည့် ပလက်ဖောင်းကြီးလေးခုကို အဓိကထားတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီစဉ်ရေးကော်မတီကို တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ စတင်ထူထောင်သော အဖွဲ့အစည်း ၁၆ ခုဖြင့် ဖွဲ့စည်းထားကာ People's Daily ၊ ဆင်ဟွာသတင်းဌာန၊ China Media Group (CMG) ၊ China Daily ၊ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကားဖြင့် ထုတ်ဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန (CICG) ၊ China News Service ၊ Nanfang Media Group ၊ Shenzhen Press Group စသည့် တရုတ်ဘက် အဖွဲ့အစည်းနှင့် ရုရှား TASS သတင်းဌာန၊ ဗီယက်နမ်သတင်းအေဂျင်စီ၊ အင်ဒိုနီးရှား Antara သတင်းဌာန၊ မလေးရှား Bernama သတင်းဌာန၊ ပီရူး Adina သတင်းဌာန၊ ကနေဒါနေ့စဉ်သတင်း၊ ကမ္ဘောဒီးယား Agence Kampuchea Presse သတင်းဌာန၊ ပါကစ္စတန် အသံလွှင့်ကော်ပိုရေးရှင်း စသည့် နိုင်ငံခြားအဖွဲ့အစည်းများ ပါဝင်သည်။ စီစဉ်ရေးကော်မတီ၏ တရုတ်ဘက်အဖွဲ့ဝင် အဖွဲ့အစည်း ၈ ခုသည် ဖိုရမ်တွင် သက်ဆိုင်ရာ နိုင်ငံခြားမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းများ ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
亚太媒体合作伙伴计划筹备委员会成立
新华社深圳9月6日电(记者邹雨沁、周科)5日,亚太媒体高端论坛在深圳开幕。开幕式上,亚太媒体合作伙伴计划筹备委员会宣布成立。
记者了解到,为进一步深化亚太地区媒体智库合作,新华社将联合亚太地区重要媒体、智库等机构共同成立亚太媒体合作伙伴计划。伙伴计划以加强亚太区域媒体互利共赢为目标,重点打造高端对话、协同传播、技术创新、务实合作四大平台。
筹备委员会由16家中外发起单位组成,包括人民日报社、新华社、中央广播电视总台、中国日报社、中国外文局、中国新闻社、南方报业传媒集团、深圳报业集团等中方机构,以及俄罗斯塔斯社、越南通讯社、印尼安塔拉通讯社、马来西亚国家新闻社、秘鲁安第斯通讯社、加拿大每日新闻、柬埔寨新闻社、巴基斯坦广播公司等外方机构。据悉,筹委会8家中方成员机构在论坛上与相关外方媒体交换了合作成果文件。(完)
图说:9月5日,嘉宾拍摄亚太媒体高端论坛标识。新华社记者 李安 摄
