ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ဧပြီလမှ စတင်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမ ၅ လအတွင်း မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန် တန်ချိန် ၁၃၀,၄၁၁ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂၅ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တင်ပို့မှုပမာဏသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလတင်ပို့မှု တန်ချိန် ၁၅၃,၉၂၆ ကျော်နှင့် နှိုင်းယှဉ်ပါက လျော့နည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ခန့်သို့ တင်ပို့လျက်ရှိပြီး အများစုမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)