တုန်းကွမ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

“ကမ္ဘာ့စက်ရုံကြီး” ဟု ကာလရှည်ကြာ လူသိများခဲ့သော တုန်းကွမ်မြို့တွင် စက်မှုလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်း ၂၂၀,၀၀၀ ကျော်ရှိသည်။

ယခုအခါ တုန်းကွမ်မြို့သည် ကုန်ထုတ်လုပ်မှုနှင့် သုတေသန နှစ်ခုစလုံးတွင် စမတ်ကျသော အသွင်ကူးပြောင်းမှုများမှတစ်ဆင့် ထိုဂုဏ်အမှတ်တံဆိပ်ကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုလျက်ရှိသည်။

DeRUCCI 5G Smart Gigafactory ရှိ 5G ကွန်ရက်တစ်ခုသည် စက်ရုံကြမ်းပြင်၏ နေရာတိုင်းတွင် ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှု၊ အလိုအလျောက်ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အမြွှာနည်းပညာများ ရရှိနေပြီဖြစ်သည်။

အလိုအလျောက်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်းအားဖြင့် အဆိုပါ ဖြေရှင်းချက်များသည် မွေ့ရာနှင့် အိပ်ရာခင်းပစ္စည်းများ ပြုလုပ်ရန်အတွက် လိုအပ်သော လူ့လုပ်အားကို သိသိသာသာ လျှော့ချပေးလျက်ရှိသည်။

ထို AI မွေ့ရာက အသုံးပြုသူ၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်စေသလို အိပ်စက်နေချိန်အတွင်း နှလုံးနှင့် အသက်ရှူလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကို ခြေရာခံပေးသည်။

ကနေဒါနိုင်ငံ Daily Scrum News ၏ CEO နှင့် အယ်ဒီတာချုပ် Donovan Ralph Martin က "ကျွန်တော်က အချိန်အများကြီး အိပ်လေ့ရှိသူတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမွေ့ရာမျိုးနဲ့ရှိရင်တော့ ကျွန်တော့်အမြင် ပြောင်းလဲသွားနိုင်တယ်။ ခင်ဗျားရဲ့ အိပ်စက်မှုပုံစံတွေက ဘယ်လိုရှိလဲ၊ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို အချိန်နဲ့တစ်ပြေးညီ မြင်တွေ့ရမှာပါ" ဟု ပြောကြားခဲ့သည်။

OPPO ကျန်းမာရေးဓာတ်ခွဲခန်းတွင်လည်း AI နည်းပညာက ရိုးရာကုန်ထုတ်လုပ်မှုကို အသွင်ပြောင်းရုံသာမက စမတ်ကျသောစက်မှုလုပ်ငန်းများကိုပါ ပိုမိုစမတ်ကျလာစေသည်။

ဆင်ဟွာသတင်းထောက် ကျောက်ထျန်းလျင် က "ဒီလက်တွေ့စမ်းသပ်ခန်းမှာ AI က ကျွန်မတို့ လေ့ကျင့်ခန်းလုပ်ပုံနည်းလမ်းကို ပိုကောင်းအောင် ကူညီပေးနေပါတယ်။ ကျွန်မနောက်မှာ မြင်ရတဲ့အတိုင်း ဒီလူကြီးမင်းက လက်တွေ့စမ်းသပ်နေတာဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ သူ့ကို စကားပြောလို့မရနိုင်သေးပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သူပေးနေတဲ့ အချက်အလက်တွေအတွက် ကျွန်မတို့ သူ့ကိုကျေးဇူးတင်ရမှာပါ" ဟု ဆိုသည်။

အဆိုပါလက်တွေ့စမ်းသပ်ခန်းတွင် အထူးပြုစမ်းသပ်ခန်း ၂၀ ရှိပြီး အားကစားအမျိုးမျိုးအတွက် သုတေသနများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က "ဒါဟာ အသုံးဝင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလက်တွေ့စမ်းသပ်ခန်းက ဒီစက်ရုံက ဝန်ထမ်းတွေ၊ အလုပ်သမားတွေအတွက် တကယ့်ကိုအသုံးဝင်ပါတယ်။ အနားယူလို့လည်းရတယ်။ လေ့ကျင့်ခန်းလုပ်လို့လည်းရတယ်။ အားကစားလည်းလုပ်နိုင်ပါတယ်။ အားကစားမျိုးစုံ ဒီမှာလုပ်လို့ရတော့ တကယ်ကိုကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။

ပါကစ္စတန် ရုပ်မြင်သံကြားကော်ပိုရေးရှင်းလီမိတက်၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ကြီးကြပ်ရေးမှူးဖြစ်သူ Aman Ul Haq ကလည်း "ခင်ဗျားက လူကိုယ်တိုင် ဒီမှာရောက်ပြီး ကိုယ်တိုင်တွေ့ကြုံလေ့လာလို့ရတယ်။ ဒါဟာ သိပ်ကိုကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ အလွန်အံ့သြစရာကောင်းတဲ့ အလုပ်တစ်ခုပေါ့။ ခေတ်မီအသွင်ပြောင်းမှု၊ စက်ရုပ်တွေအသုံးပြုမှုတွေက တကယ့်ကိုပဲအထင်ကြီးစရာကောင်းပါတယ်။ သူတို့က တော်တော်လေးကိုကြီးမားတဲ့ အရှိန်အဟုန်နဲ့ ခေတ်မီအသွင်ပြောင်းမှုလုပ်ဆောင်နေကြတာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။ (Xinhua)

………………

(English Version)

Dongguan's smart evolution: beyond "world's factory" label

Long known as the "world's factory," Dongguan is home to more than 220,000 industrial enterprises.

The city is now redefining that title through smart transformation in both manufacturing and research.

A 5G network in DeRUCCI 5G Smart Gigafactory now enables digital management, automated logistics, and digital twin technologies across every inch of this factory floor.

By enhancing automated production processes, these solutions significantly reduce the manual labor needed to make mattresses and bedding products.

This AI mattress conforms to the user's body while tracking sleep-time data on heart and breathing activity.

SOUNDBITE 1 (English): DONOVAN RALPH MARTIN, CEO and editor-in-chief of the Daily Scrum News of Canada

"I'm not a person who likes to sleep a lot. But if I had a mattress like this, I may have to change my mind. You get to see in real time how your sleep patterns are and how you could improve your sleeping patterns."

In OPPO health lab, AI is not only transforming traditional manufacturing; it's also making smart industries even smarter.

STANDUP (English): ZHAO TIANLIN, Xinhua correspondent

"In this lab, AI is helping us improve the way we exercise. As you can see behind me, this gentleman is in the middle of an experiment. We can't talk to him right now. But someday in the future, we might have to thank him for the data he's providing."

This lab houses 20 specialized laboratories that are conducting research on a variety of sports.

SOUNDBITE 2 (English): YE TINT, Deputy Minister, Ministry of Information of Myanmar

"I think it's useful. This lab is very useful for the employees (and) workers from this factory. They can take a rest and do exercise and sport -- every kind of sport here. Very good."

SOUNDBITE 3 (English): AMAN UL HAQ, Controller, International Relations, Pakistan Television Corporation Ltd.

"You know that when you're physically here, and you experience the thing. So it is a very great experience. It is a very wonderful work. And the modernization -- the use of robots -- is very impressive. They have modernized at a very huge pace."

Xinhua News Agency correspondents reporting from Dongguan, China.

(XHTV)